Monday, September 8, 2008

စက်တင်ဘာ မိတ်ဆက် (0r) တစ်လပြည့် အချစ်စစ်



ကောင်မလေးရယ်....
နေ့တွေညတွေကလည်း မြန်လိုက်တာနော်....
ဘာလိုလိုနဲ့ မိုးညိုပျော်ခဲ့တဲ့ ၀သန်ချိန်လေးတွေကုန်လို့....
မိုးညိုတို့ စောင့်စားနေတဲ့ ဟေမာန်ရာသီကိုတောင် ရောက် လုနီးလာပြီ..။
နတ်သမီးနဲ့ချစ်ခဲ့တာကလည်း တစ်လတင်းတင်းပြည့်ခဲ့ပြီနော်.........။

နတ်သမီးအတွက် မမှတ်မိနိုင်ပေမဲ့ ..
ငါအတွက်ကတော့ အမြဲတမ်း အမှတ်တရဖြစ်နေမယ်ဆိုတာကို ယုံပါ...။
နတ်သမီးအလုပ်ဝင်ပြီးနောက်တစ် "နေ့"
နတ်သမီးကို အမြန်ဆုံးချစ်ခွင့်ပန်ခဲ့တဲ့ "နေ့"
နတ်သမီးဆီက အဖြေကို သေမလောက်တောင်းဆိုခဲ့တဲ့ "နေ့" လေးတောင်မှ ပြန်ရောက်ခဲ့ပြီနော်...။

အရမ်းပျော်တယ်နတ်သမီးရယ်...။
အရာရာအတွက်ပါ..၊နတ်သမီးပေးခဲ့တဲ့ မေတ္တာတွေအတွက်လေ...။
အရမ်းလည်းချစ်ခဲ့မိတယ်.. ..၊အရမ်းလည်း ရင်တွေမောခဲ့ရတယ်...
နောက်ပြီးတော့ ...
အရမ်းလည်းလွမ်းတတ်ခဲ့တယ် နတ်သမီးရယ်...။

နတ်သမီးနဲ့ဝေးသွားတဲ့ အချိန်တွေ....၊လွမ်းခဲ့ရတဲ့နေရာတွေ..........၊
တစ်ဖြေးဖြေးကုန်လွန်သွားတဲ့အချိန်လေးတွေမှာ..
နတ်သမီး အကြောင်းတွေးရင်းနဲ့ ဘ၀ကို စနစ်တကျ ကုန်လွန်ဖြစ်ခဲ့တဲ့
ငါရဲ့တစ်နေ့တာအချိန်တွေကို ငါကျေနပ်ပါတယ်ကွာ...။

နောက်လာမဲ့နေ့တွေ....၊ညတွေ.......၊
ဘ၀တွေ..........မှာ
ငါတို့လက်တွေ တူတူတွဲထားလိုက်ချင်တယ်ကွာ......။

ငါလုပ်နေကျ ပုံစံအတိုင်းလေး..
နတ်သမီးလက်ကလေးတွေကို ဖွဖွလေးနမ်းပြီး
ငါရဲ့နေ့သစ်တွေကို စတင်ခွင့်ပြုဖို့ပဲ ........
ထပ်တောင်းဆိုပါရစေ......။

ငါ.... ကျိန်ဆိုပါရစေ....
နောက်ဖြစ်လေရာ ဘ၀ဆက်တိုင်းမှာ
နတ်သမီးနဲ့ ချစ်သူဖြစ်ခွင့်မရခဲ့ရင်တောင်
နတ်သမီးနားမှာ အမြဲစောင့်ရှောက်ခွင့် ရှိနေမဲ့
ခွေးကလေး ၊ကြောင်ကလေး...
နောက်ဆုံး......
နတ်သမီးခြေချောင်းလေးတွေပေါ်က
ခြေသည်းလေးတွေ အဖြစ်နဲ့
နတ်သမီးအနားမှာ ...
ဒီကမ္ဘာကြီး မပျက်စီးသေးသရွေ့
ဘ၀တွေတိုင်းမှာ... ရှိနေပါရစေ.......နတ်သမီးရယ်..။

မပြောင်းလဲတတ်တဲ့ အချစ်နဲ့ ထာဝရအဆုံးထိချစ်နေမယ်....... ကိုစိုင်း
ကောင်မလေးအတွက်လွမ်းချင်းရှည် တစ်ပုဒ်


မနက်ခင်း ရောက်လို့
အလင်းပေါက်တော့ ...
အရင်ဆုံးသတိရမိတာ ... ကောင်မလေး "မင်း" ကို ပါကွာ...။
ဒီမှာက မနက်ဆိုတာကြီးက
အရမ်းချမ်းတယ်ကွာ...။
ငါ "ကောင်မလေး" က ကော... ???
7နာရီခွဲရင် သွားနေကျ မှတ်တိုင်လေးကို
အရင်ကလို ပြေးသွားလိုက်ချင်ပေမဲ့
ငါနေတဲ့ (၄)ထပ်တိုက်ကြီးရဲ့အောက်မှာက
"မင်း" လိုမျိုး..ငါကို ချိုမြိန်ခြင်းတွေ ပေးမဲ့ နှုတ်ခမ်းတစ်စုံမရှိတော့.......။
ငါ.......
ကောင်ကင်ကြီးကို ပဲမော့မော့ကြည့်ရင်း အချိန်တွေကုန်တတ်ခဲ့ပြီ....။

နေကိုထိုင်ကြည့်ရင်း..ကို.. 9နာရီ ကျော်လာခဲ့ပြီကွာ....
အရင်ကလို ......
မန်နေဂျာမသိအောင် ရုံးလစ်ပြီး
မုန့်ဆိုင်လေးကို ပြေးလို့....
နတ်သမီးကြိုက်တဲ့ ../ ငါအလွတ်ရတဲ့
ချောကလတ်နဲ့..၊ Lolly-pop ၊ cake နဲ့ အစိမ်းရောင်နေကြာစေ့လေးအထုပ်လေးတွေ..
ဝယ်ပေးတိုင်း ......
မင်းရဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ မျက်နှာလေးကကော...??
အခုအချိန် .. ငါနဲ့ အဝေးမှာ
ငါ့..လို သတိရနေမှာလား.......၊ ။
ဝ မှာဆိုးလို့ ဆိုပြီး အစား သိပ်မစားတဲ့ "ကောင်မလေး"
နေ့လည်စာကို ငါအတင်းကျွေးမှ စားတဲ့ "ကောင်မလေး"
အစားအသောက် တော်တော်များများကို ဇီဇာ ကြောင်တတ်တဲ့ ငါရဲ့ ချစ်စရာ "ကောင်မလေး"
ငါမရှိတဲ့ အချိန်တွေမှာ ကော
နင် အစားမှန်မှန်စားရဲ့လား....ကွာ..။
ငါစိုးရိမ်လိုက်တာ....။

ငါ ၀ရံတာမှာ ထိုင်နေတာ 11နာရီတောင် ကျော်လာပြီ...
သေချာပါတယ် ဒီအချိန်ဆိုရင်......။
ရုံးမှာ အလုပ်တွေတော်တော်ကျနေလောက်ပြီလေ....။
အလုပ်တွေ တစ်အားပိလာတိုင်း အမြဲကူပေးနေတဲ့ " ငါ "
မင်းထိုင်နေတဲ့ ခုံလေးက နေထရမဲ့ အလုပ်မျိုးကိုတောင် ပေးမလုပ်ခဲ့တဲ့ " ငါ "
ဖြစ်နိုင်ရင် ...............
မင်း ကို ဘာမှ ပေးမလုပ် ပဲထိုင်ကြည့်နေချင်တဲ့ " ငါ "
အခုတော့ မင်းကို လှမ်းကြည့်လို့
မမြင်နိုင်တဲ့နေရာကနေ... ပျော်ခဲ့ဘူးတဲ့ ငါတို့ အတိတ်တွေကိုတွေးရင်း
မျက်ရည်တွေကျနေတတ်ခဲ့ပါပြီ..ကောင်မလေးရယ်...။

ရုံးဆင်းချိန်ဆိုရင် မင်းကို မှ ကြိုချင်တဲ့ သူတွေကို ထားခဲ့ရင်း..။
ငါကိုပေးခဲ့တဲ့ " အခွင့်အရေး " တစ်ခု
စီးရမဲ့မှတ်တိုင်ကို ကျော်ပြီး လျှောက်ခဲ့ရတဲ့ ဂုံးတံတားပေါ်က " အချိန်လေး "တွေ
အတူတူစီးမျောခဲ့တိုင်း ငါအနားမှာ ကပ်ကျန်နေခဲ့တဲ့ မင်းရဲ့ "ရနံ့လေး"တွေ
ဒါတွေအကုန်လုံး ကို ပြန်"တမ်းတ" ဖြစ်ခဲ့တဲ့ ညနေ 5နာရီကျော်တိုင်း........
ငါကတော့ ဒီမြို့လေးကနေ ရူးရူးမိုက်မိုက်ကို
ထွက်ပြေးချင်လာနေမိပါပြီကွာ...။
မဖြစ်သေးလို့ပါကောင်မလေးရယ်...။
ဒီဘက်က ပြတ်လို့မရသေးတဲ့ ငါရဲ့ သံယောဇဉ်တွေကို
နားလည်ပေးပါကွာ..............။
ဒါပေမဲ့ မင်းစိတ်ချပါ...........
ဘာလို့လဲဆိုတော့ အရမ်းချစ်ကြတဲ့ ငါတို့အတွက်
ကံကြမ္မာက ဖန်ဆင်ပေးတော့မဲ့ အချိန်တွေ
မကြာခင်ရောက်လာတော့မယ်ဆိုတာကို
ငါ အလိုလို ယုံကြည်မိနေလို့ပါ ပဲကွာ...။

ကောင်မလေးအတွက် ရည်စူးပြီး ပြည်မြို့တွင် နှလုံးရောဂါ ရရှိခြင်းရဲ့ သတင်းတစ်ပုဒ်

Friday, August 29, 2008

နတ်သမီးနဲ့..ချစ်ခြင်းရဲ့ အမှတ်တရနေ့

LoveKissနတ်သမီးရယ်..ချစ်ခြင်းနဲ့ ငါ့ဘ၀ကို အမှတ်တရဖြစ်စေခဲ့တဲ့အတွက် ကျေးဇူးပါကွာ...။ငါတစ်ကယ်ကို မင်းနဲ့ပျော်ရွှင်ခဲ့ရပြီ..ငါလိုချင်တဲ့အရာတွေကို
မင်းဆီကရခဲ့ပြီ...။ငါအရမ်းအရမ်းကို တမ်းတနေတဲ့ မင်းဘက်က တုံပြန်မှု အနမ်းလေးတစ်ပွင့်ကို ငါ....
ရခဲ့လို့.... ငါအရမ်းကိုပျော်သွားခဲ့တဲ့နေ့လေးပါ...နတ်သမီးလေးရယ်....။ ။
ဖြစ်နိုင်ရင်အဲဒီနေ့ကို ငါရင်ဘတ်ထဲထိုးထည့်ထားလိုက်ချင်တယ်...။မင်းဓါတ်ပုံလှလှလေးတွေကို ပြင်ပေးတဲ့နေ့ကျမှ ပုံကထုတ်လို့မရဘူး...။(memory stickကမကောင်းတော့လို့)။ငါလည်းစိတ်မကောင်းပါဘူးကွာ...။မင်းက ဒီနေ့ ငါလက်မောင်းပေါ်ကို
မင်းလက်ကလေးနဲ့ တွယ်ထားပြီးလိုက်ခဲ့တဲ့အချိန်တွေက ငါကိုတော်တော်ပျော်ရွှင်စေတယ်..။ဖြစ်နိုင်ရင် မင်းနဲ့တစ်နေကုန် အဲလိုပုံစံနဲ့
ငါလမ်းတွေလျှောက်ချင်တယ်...။သေချာပါတယ်.... မင်းနဲ့သာဆိုရင် ငါက ဘယ်တော့မှ ချစ်ခြင်းမှာငြီးငွေ့နိုင်မှာမဟုတ်တော့ပါဘူး..။


ကောင်မလေးရယ်...ဒီနေ့မှကားတွေကလည်း ကြပ်လိုက်တာနော်....။မင်းနဲ့စီးနေကျ ဗိုက်ပူကားကြီးတစ်စီးလာတော့မှ..ငါတို့
နှစ်ယောက်ပြေးတတ်သွားခဲ့ကြတယ်..။တစ်လမ်းလုံး မင်းကငါ့ကို မင်းဖြစ်စေချင်တာတွေပြောတယ်..။ငါ့ကို မင်းရုံးမှာမရှိတော့တဲ့နောက်
နေရမဲ့ ပုံစံတွေကိုပြောတယ်..။ငါပျော်လိုက်တာ ကောင်မလေးရယ်....။မင်းရဲ့ ငါ အပေါ်ဂရုစိုက်မှုလေးတစ်ခုအတွက် ငါအရမ်းဝမ်းသာလိုက်တာ..ကွာ..။မင်းအတွက် " ငါရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို Daily Report တစ်အုပ်လုပ်ပေးပြီးတော့ အပတ်တိုင်းတွေ့ရင်တင်ရမယ်တဲ့.....။ငါ့ သူငယ်ချင်း မိုးချုပ်ညကြီးနဲ့ ညနေညနေတွေကြရင်လည်း မလိုက်သွားရဘူးတဲ့....ဆိုင်မှာပဲနေရမယ်တဲ့..။လိုက်သွားတယ်လို့သိရရင်...မင်းကငါကိုဖြတ်ပစ်မယ်တဲ့ "။ ငါအတွက် ဂရုစိုက်မှုလေးတစ်ခု ပေးခဲ့တဲ့ပေါ် ငါဦးညွှတ်ပြီးတော့ မင်းကို ကျေးဇူးတင်နေမှာပါကွာ..။

ကားကြီးကလည်း ဒီနေ့မှ ငါအကြိုက် အရမ်းကို ကြာကြာကြီးမောင်းနေတော့တာပဲ..။မင်းကတော့ အိမ်ပြန်နောက်ကျလို့ စိတ်ညစ်နေပြီ..။ငါအတွက်ကတော့ နောက်ထပ်သိပ်မကျန်တော့တဲ့ အခွင့်အရေးလေးတစ်ခုပေါ် အခွင့်အရေးတွေယူနေမိတာကို ခွင့်လွှတ်ပေးပါကွာ..။ဖြစ်နိုင်ရင် မင်းနဲ့ မခွဲချင်ဘူး..။ ဒီအဓိပယ်မရှိတော့မဲ့ မနက်ဖြန်တွေကို မင်းမရှိပဲနဲ့ ရင်မဆိုင်ချင်ဘူး...။ မင်းမရှိတော့တဲ့ ဒီရုံးခန်းထဲမှာ ငါ့ဝိညာဉ်ကို တစ်ကောင်ထဲ မထားခဲ့နိုင်လို့ပါကွာ..။မင်းငါ့ကို ကားပေါ်မှာ အများကြီးဖြေသိမ့်ခဲ့တဲ့
စကားတွေကြောင့် ငါဒီလောက်အသက်ရှုနိုင်တယ်ဆိုတာကိုတော့ မင်းယုံပါကွာ...။
နောက်ဆုံး မင်းနဲ့ကားပေါ်ကနေ တူတူဆင်းခဲ့တယ်..တူတူလက်တွဲပြီးတော့ ပလက်ဖောင်းပေါ်ကိုတက်ခဲ့တယ်
မင်းအတွက် ငါအတွက် နှစ်ယောက်တစ်ဘ၀ပုံစံလေးပေါ့..။ငါအရမ်းတမ်းတနေတဲ့ ပုံပြင်လေးတစ်ပုဒ်ကို မင်း
အိမ်အပြန်လမ်းမှာ ငါ့ကို..ပြောခဲ့တယ်နော်....။

ဘယ်လိုမှ
ခန့်မှန်းလို့မရတဲ့မိုးက...
လှလှပပလေးကို လျှပ်ခက်တွေနဲ့လှပလိုက်တာပါ...(ကျွန်တော့်အတွက် ဖြစ်နိုင်ပေမဲ့ ကောင်မလေးအတွက်ကတော့ တော်တော်လေးကို အထိတ်တလန့်ဖြစ်စေခဲ့တယ်..)..။
လူတွေ...
လူတွေ... ရှုပ်ယှက်ခပ်နေတဲ့ကြားက
ကောင်မလေးရဲ့ အားကိုတစ်ကြီးနဲ့ ရင်ခွင်ထဲကိုဝင်လာခဲ့တဲ့ အထိအတွေ့ကလေးတစ်ခုကြောင့်
ငါ...
လူတွေကို မေ့သွားတယ်...။
ငါ....
ရောက်နေတဲ့နေရာကိုမေ့သွားတယ်...။
နောက်ဆုံး...ငါ ကောင်မလေးအရမ်းကြောက်နေတဲ့ အဲဒီ လျှပ်စီးကြီးကိုတောင် မေ့သွားတယ်ကောင်မလေးရယ်....။
ကောင်မလေးတစ်ကယ်ကိုကြောက်နေတာပါ...။
ဘာလို့လဲဆိုတော့
ငါ့ရင်ခွင်ထဲက ကြောက်ရွံ့ခြင်းတွေနဲ့ ကောင်းကင်ကိုခိုးကြည့်နေခဲ့တဲ့ ငါ့နတ်သမီးရဲ့ မျက်နှာလေးကို
ဘယ်တော့မှ မမေ့နိုင်တော့လို့လေ...။
ငါ့ရဲ့ အားပေးစကားတွေကို နားထောင်ရင်းနဲ့
ရုံးထွက်လာတဲ့မင်းခေါင်းလေးကို ငါ့လက်လေးနဲ့ထိုးဖွလိုက်တယ်...။

အဲဒီ အချိန်လေးမှာပဲ....
နတ်သမီးရဲ့ လျှပ်စီးလေး တစ်ပြက်ကတော့
ကျွန်တော့ရဲ့ ပါးပြင်မှာ လက်လက်ထသွားစေခဲ့ပါတော့တယ်..။
ဘယ်လိုမှ မထင်မှတ်ပဲအပစ်ခံလိုက်ရတဲ့ ဒီလျှပ်စီးလေးကတော့
ဘယ်သူမှသိနိုင်မှာ မဟုတ်ပေမဲ့....
နတ်သမီးရယ်.... ငါ့ ရင်ထဲမှာတော့ တစ်သက်စာလင်းလက်သွားစေခဲ့ပါလား ဟာ.....။

နတ်သမီးကို အရမ်းချစ်တဲ့...
နတ်သမီးရဲ့ အမှုတော်ထမ်း
(မိုးညို)

Wednesday, August 27, 2008

ကောင်မလေး ကို ချစ်တဲ့ နေ့ရက်တွေ အကြောင်း


တစ်ကယ်တော့
ပိုင်ဆိုင်နေရတာကိုကစွန့်လွှတ်ပြီးသားပါ......။

လိုချင်တဲ့အချိန်ပြန်ပေးဖို့ အသည်းတစ်စုံကို
အလွယ်တကူ
မျက်ရည်ပုန်းထဲက ထည့်ထားပြီးသားပါ...။

ငါအတွက်
အစစ်အမှန်မဟုတ်မှန်းသိနေကတည်းကိုက
ဆက်ချစ်နိုင်မဲ့ အခြေအနေတွေကို လက်ခံပြီးသားမို့လို့
မင်းကြိုက်တာ လုပ်ဖို့ပဲနောက်ဆုံးတောင်းပန်ပါရစေ..........။

ချစ်နေခဲ့ရတဲ့ နေရက်တွေကို....တစ်ရက်မှ မမေ့ဘူး..။
ဖြစ်နိုင်ရင် နောက်ဆုံးနေ့ဆိုတာကြီးကို
ပိတ်ကားနောက်ကို ဆွဲချလိုက်ချင်တယ်...။
ဒါပေမဲ့
ဘ၀ဆိုတာက ပြဇတ်တစ်ပုဒ်မဖြစ်နိုင်မှန်းသိနေတော့....။ ။

ဝေးခဲ့မယ်ဆိုရင်..
သေချာတယ် ငါလွမ်းနေမှာပါ...ငါသတိရနေမှာပါ....
နောက်ဆုံး...ငါတမ်းတ အော်ဟစ်မိတဲ့
နံမည်လေးတစ်ခုမှာ"ဇင်မီ" ဆိုတာလေးတော့
ပါလာမိမှာ သေချာပါတယ် ကောင်မလေးရယ်....။

Monday, August 25, 2008

နတ်သမီး တိုက်ကျွေးခဲ့တဲ့ ဆေး(၂)ခွက်အကြောင်း

ကျွန်တော်ဘ၀မှာဘယ်လိုမှ ရှင်းပြလို့မရအောင် စိတ်ဓါတ်တွေကျခဲ့ ..၊မထင်မှတ်လောက်အောင်ပဲပျော်ရွှင်မှုတွေကိုပြန်ရခဲ့အောင်လို့...ကောင်မလေးက...
ဆေး(၂)ခွက်ကို တစ်ရက်စီခြားပြီးတော့တိုက်ခဲ့တယ်...။
ကျွန်တော်ကလည်း နတ်သမီးသာလုပ်ခိုင်းမယ်ဆိုရင် ဘာမဆိုလုပ်မဲ့ကောင်ဆိုတော့လည်း..
ဆေးခါးခါးကြီးကို မကြိုက်ပေမဲ့လည်း ကြိတ်မှိတ်ပြီးတော့
မြိုချခဲ့ပါတယ်........။ .....။
အဲဒီဆေး(၂)ခွက်ရဲ့ အာနိသင်အကြောင်းကို ကျွန်တော်အရမ်းချစ်တဲ့ ကောင်မလေး ဘလော့ဂ်မှာ
ပြန်ပြောပြခဲ့ပါရစေ.....
Heartsအဲဒီနေ့လေးမှာပဲ ကောင်မလေးတိုက်တဲ့ ပထမဆေးခါးခါးတစ်ခွက်ကြောင့်အသည်းမှာ မြားစိုက်နေခဲ့ရတဲ့ပုံပါ..။ညနေခင်း ရဲ့ မသာယာတဲ့ ၃း၃၀ အချိန်လောက်မှာပေါ့....။....။ "...ငါအသည်းတွေ တစ်စစီကွဲကြေခဲ့ရပါပြီ....ဇင်မီရယ်....၊ နင်ကို အရမ်းချစ်တယ်ဆိုတာ နင်မသိဘူးလား ဂူးဂူးရယ်...
ကို့ကို ဘာလို့တစ်ယောက်ထဲ ထားခဲ့ရက်တာလဲကွယ်...။ ဒဏ်ရာတွေကို ရေရွတ်ရင်းကိုက ကျွန်တော်အတွက် ဒုက္ခတွေထားခဲ့တဲ့မင်းကို နာကျည်စွာချစ်နေတုံးပါ ကွာ...။"ကျွန်တော် ပါးစပ်က ရူးသွပ်စွာတစ်ယောက်တည်း ရေရွတ်ပြီးတော့ လျှောက်သွားနေဖြစ်ခဲ့တဲ့ညနေတွေပေါ့...။
Heartsညကိုရောက်တော့ ခံစားနေရတဲ့ဝေဒနာတွေနဲ့ ဝေးရာကိုထွက်ပြေးဖို့
ကိုယ်အရေခွံကိုယ်တိုင်ခွာ ကိုယ်အရိုးကိုအပ်အဖြစ်ထွင်းတဲ့ နောက်ဆုံးနည်းကို သုံးလိုက်ရတယ်..။
သွေးတွေထွက်လို့ ထုတ်ခြင်းဖောက်ခံခဲ့တဲ့အသည်းကို တိပ်ကပ်ပြီးအတင်းစေ့..ထည့်လိုက်ပြီး သုံးရယုံလေးတင် ထားပစ်ခဲ့မိတယ်..။နတ်သမီးရယ်..နင်ရက်စက်လိုက်တာဟာ...။ငါ ဒီဒဏ်ကြီးနဲ့ဒီနေ့အသက်ရှင်နေပေမဲ့ နောက်နေ့တွေကို ဘယ်လိုများရှေ့ဆက်လျှောက်ရမလဲကွာ....??
ငါကိုနည်းနည်းလေးလောက် နားလည်ပေးပါ နတ်သမီးလေးရယ်...။
နင်ဟာ ဘယ်တော့မှ ငါ့အတွက် အလွမ်းရဲ့နတ်သမီး မဖြစ်စေရဘူး..။
နင်ဟာ ဘယ်တော့ကမှ ငါ့ရဲ့ ချိုမြိန်တဲ့အတိတ်မဖြစ်စေရဘူး...။
နောက်ဆုံးအချိန်အထိ ငါ မင်းအတွက်ပဲ ဖြစ်နေရမယ်ကွာ...။
ငါ မင်းကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘူးဆိုတာကို ငါသိနေသေးသမျှ ငါကျေနပ်နေတယ်..
နင် ငါ့ဆီကို ကြိုက်တဲ့အချိန်ပြန်လာခဲ့ပါ ငါမင်းအတွက် တံခါးဖွင့်ထားပါမယ်...ကောင်မလေးရယ်....။
Hearts ဒဏ်ရာတွေကို ပတ်တီးစည်းပြီးတော့
ငါ မတ်တပ်ထရပ်လိုက်မိတော့မှ ငါကို မနက်ခင်းက ပုံမှန်လေးအတိုင်းပဲ နွေးထွေးစွာ ကြိုဆိုလျှက်ကို
အံ့သြလိုက်မိတဲ့ငါက သူအတွက်မျှော်လင့်ခြင်းများစွာနဲ့ထုပ်ပိုးထားတဲ့ လက်ဆောင်ကို တစ်ကယ်ဖိနပ်လေးမဟုတ်တဲ့ဖိနပ်လေးတစ်ရံနဲ့ သူ့အကြိုက်လှလှလေးကို ထုပ်ပိုးဖို့ အဆင့်သင့်ပြင်လိုက်ရတယ်...။
သူပြန်ချစ်နိုင်အောင်ဘာတွေပြန်လုပ်ရမလဲလို့ ရုံးခန်းထဲကအထွက်မှာ သူကိုအထီးကျန်စွာနဲ့ တစ်ယောက်တည်း မတ်တပ်ရပ်နေတာကို ခြောက်ကပ်စွာတွေ့လိုက်ရတယ်....။
ကျွန်တော် မငိုမိပေမဲ့ စိတ်ဓါတ်တွေတော်တော်လေးကို ကျဆင်းနေပြီ...။
ဒါပေမဲ့လည်း သူကိုပေးထားတဲ့ကတိတည်စေချင်တဲ့ ဆန္ဒနဲ့ပဲ သူလိုချင်သလိုမျိုး မြူးမြူးကြွကြွပုံစံလေး
ဟန်ဆောင်မျက်နှာဖုံးကြီးကို ခေါင်းပုံစွပ်လိုက်တော့တယ်...။
"သူ မသိနိုင်ပါစေနဲ့....။
သူ ဒီအတိုင်းလေးပဲ ပျော်ရွှင်နိုင်ပါစေ....။
သူ ဘ၀လေးတစ်သက်လုံး အေးချမ်းနိုင်ပါစေ.....။
ဖြစ်နိုင်ရင် မီးလိုပူလောင်နေတဲ့ ကျွန်တော်ဘ၀ကြီးကို သူတစ်ခါတည်း မေ့ပစ်နိုင်ပါစေ...." ဆိုပြီး...
ကျွန်တော် ရင်ထဲမှာ ဖြေသာအောင် အော်ဟစ်နေမိပေမဲ့ မသိစိတ်ရဲ့စွဲလမ်းမှုတွေကတော့ သူကို ရင်ခွင်တစ်လုံး အလွမ်းတွေအပြည့်နဲ့ မျှော်နေဆဲပါ....။ ။
နောက်ဆုံး... ...
မခံစားနိုင်တော့တဲ့ငါ
သူနဲ့ အဝေးဆုံးအလုပ်တာဝန်တစ်ခုကို ပုခုံးပေါ်ပစ်တင်ပြီး သူနဲ့ ဝေးရာကို ထွက်လာမိတယ်...
အဲဒါကလည်း ငါ နင်ကိုချစ်လွန်းလို့ပါ နတ်သမီးလေးရယ်...
ငါကို ခွင့်လွှတ်ပါနော်...။
နောက်ဆုံးတစ်ခု အမှန်အတိုင်းပြောဖို့ကျန်တာ တစ်ခုကတော့
"ငါ့ခန္ဓာကိုယ်ကြီး ဘယ်ဆီကိုပဲရောက်နေနေ ငါရဲ့စိတ်ဝိညာဉ်ကတော့ နတ်သမီးထိုင်တဲ့ကုလားထိုင်လေးအောက် ဒူးထောက်လို့....
နတ်သမီးရဲ့ ခြေချောင်းလှလှလေးတွေကို ပြန်ထိတွေ့ခွင့်ရဖို့..
အကြိမ်ကြိမ်တောင်းပန်သံတွေနဲ့...ငိုနေမှာ..."သေချာပါတယ်..နတ်သမီးလေးရယ်...
Heartsကောင်မလေးရေ.... "တစ်ကယ်ဆို
ငါအတွက်သိပ်မကြာလိုက်ပေမဲ့ အချိန်ဆိုတဲ့အရာတွေတိုက်စားလို့ မင်းတောင် အိမ်ပြန်ချိန်ရောက်ခဲ့ပြီနော်.."
အရင်လို..
လိုက်ပို့နေကြ...၊ လိုက်ပို့တိုင်းဆွဲပေးနေကြ....၊ ဆွဲပေးတိုင်း ..တွဲပေးထားတဲ့သူလက်ကလေးတွေ က
လွမ်းဖို့အရမ်းကောင်းနေတော့လည်း...တားဆီးထားတဲ့ကြားကနေ
သူထွက်သွားပြီးတဲ့အချိန်ရဲ့ကျောချင်းကပ်မှာ ဘယ်သူမှမသိအောင် ကြွေကျခဲ့ရတဲ့ ငါ့မျက်ရည်တွေ..
မင်းကို လိုချင်ရင် နှုတ်ဆက်လက်ဆောင်ပေးလိုက်ပါမယ်....ကွာ...။
မင်းနောက်ကိုလိုက်ချင်နေတဲ့စိတ်ကို ခန္ဓာတစ်ဝက်လောက်က ကားဂိတ်ရောက်အောင်ဆွဲခေါ်သွားတယ်..။
ငါတွေ့လိုက်ရတဲ့..မင်းရဲ့အထီးကျန်ခြင်းတွေက ငါ့အတွက် အားတက်စေခြင်းလား...၀မ်းနည်းစေခြင်းလား..
မခွဲခြားနိုင်တော့ဘူး...ကောင်မလေးရယ်...။
မင်းဆီရောက်သွားတော့မှ...ငါမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာသိလိုက်ရတော့တယ်ကွာ...။

ဒါတွေသိပြီးတော့မှ နောက်ကျခဲ့မယ်ဆိုရင်တောင် ငါ..ကျေနပ်ပါတယ် နတ်သမီးရယ်...။

နှလုံးသား အသက်ပြန်ရှုဆေး
Heartsကံကောင်းခြင်းတွေက ညနေခင်းကြမှ ဘာလို့ချပြခဲ့ကြတာလဲ...။
ကျွန်တော်ပျော်လိုက်တာဗျာ..။ဘာတွေပြောရမှန်းကိုမသိတော့ဘူး...။နတ်သမီးရဲ့ ဆက်ရန် ပုံပြင်လေးကတော့...

ကားဂိတ်မှာ မင်းကိုစတွေ့ကတည်းကိုက ငါမင်းကို ၀န်ချတောင်းပန်ချင်နေပါပြီကွာ....။
ဒါကြောင့်လည်း မင်းရှိရာကို ငါလျှောက်လာခဲ့တယ်...။မင်းရဲ့...နှစ်သိမ့်တဲ့အပြုံးတစ်ချို့ဟာ ငါအတွက် မချိုမြိန်နိုင်ပေမဲ့ ငါထင်သလောက်တော့လည်း မခါးလွန်းခဲ့ပါဘူး...။ဖြစ်နိုင်ရင်နောက်တခွက်သောက်ချင်နေတဲ့
ငါစိတ်ကို ငါပြန်ကြည့်နေမိတယ်ထင်တယ်..။ဒီလိုလေးနဲ့ မင်းကိုနှုတ်ဆက်ဖြစ်တော့ မင်းပြောတဲ့စကားသံတွေတိုင်းမှာ... အားမရှိသလိုပါပဲလား..ကလေးရယ်...။တစ်ကယ်ဆိုရင် ငါမင်းကို ရင်ခွင်ထဲထည့်ပြီးတော့တောင်းပန်ရမဲ့အချိန်တွေမှာ ငါဘာတွေလျှောက်လုပ်နေတာလဲဆိုတာ ငါကိုယ်တိုင်တောင် မသိလိုက်မိနိုင်ဘူးကွာ...။
"အရင်အတိုင်းပါပဲ.."ဆိုတဲ့ မင်းရဲ့စကားသံလေးတွေရဲ့နောက်...၊မင်းကို နောက်ဆုံးပိတ် ကြိုးစားခြင်းတွေ အရာမထင်တော့ဘူးဆိုတဲ့ ကျသွားတဲ့စိတ်ဓါတ်ကို မင်းမသိလိုက်နိုင်အောင် ကွယ်ဝှယ်ရင်းနဲ့..မင်းဘေးနားက စတင်ထွက်ခွာချိန်...မင်းနှုတ်ခမ်းက စကားတစ်ခွန်းလေးလှည့်ပြောပြီးတဲ့နောက် မှာ..၊
ငါ့ရဲ့ဘ၀ကြီးဟာ အရင်လိုပြန်ရှင်သန်နိုင်ခဲ့ပြီ...ကောင်မလေးရယ်.....။
ငါ ဘယ်တော့ပြန်ကိုင်ခွင့်မရတော့ဘူးထင်ခဲ့တဲ့ မင်းလက်ကလေး ငါရင်ခွင်ထဲကို ပြန်ဝင်ခဲ့တဲ့နောက်..
ငါ ဘယ်တော့မှ တို့ထိခွင့်မရနိုင်တော့ပြီထင်တဲ့ မင်းဆံပင်လေးတွေကို ပြန်သပ်ချနိုင်ခဲ့ပြီးတဲ့နောက်..
ငါ ဘ၀ကြီးတစ်ခုလုံးနဲ့ကို ရင်းပြီးတော့မှ ပြန်လဲလို့ရရင် လဲလိုက်ချင်တဲ့မင်းရဲ့အငွေ့အသက်လေးတွေနဲ့ အရာထင်ထားတဲ့ မင်းရဲ့ နံဖူးပြင်ဖွေးဖွေးလေးကို မြတ်မြတ်နိုးနိုး ပြန်လည် နှုမ်းရှိုက်ခွင့်ရပြီးတဲ့နောက်မှာတော့
မိုးလင်းကတည်း "အသက်ရှင်ပြီး ဘ၀သေနေတဲ့" ငါ့ဘ၀ကြီး ပြန်အသက်ဝင်သွားပါပြီကွာ...။
ငါ မင်းကို ချစ်လိုက်တာ ......ငါ မင်းကို ပိုင်ဆိုင်ချင်လိုက်တာ .......ငါ မင်းကို ဘယ်လိုမှခွဲလို့မဖြစ်တာ .....
ငါသိခဲ့ရပါပြီ....။
ငါဟာ မင်းအပေါ်အရမ်းချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာရှုံးနှိုမ့်သွားခဲ့ပါပြီလား..နတ်သမီးလေးရယ်...။
မင်းနဲ့ပြန်ဆုံခွင့်ပြန်ရခဲ့တဲ့ကျေနပ်မှုမျိုးကိုလေ.. ငါသေရင်တောင်ပြန်ရမှာ မဟုတ်တော့ပါဘူးဟာ...။
အခုအချိန် ငါ ဒီဘလော့ဂ်ကိုရေးနေရင်းနဲ့ သေဆုံးသွားခဲ့ရင်တောင်
မင်းငါကို ချစ်သေးတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ငါသေပျော်တယ်ကွာ....။
တစ်ကယ်တော့ မသေချင်သေးပါဘူး... မင်းနဲ့ လက်တွဲပြီး ဘ၀တွေရဲ့ ကမ်းဆုံးကိုလျှောက်သွားချင်ပါ သေးတယ်....
ကောင်မလေးရယ်...နောက်ဆုံးစကားတစ်ခွန်းထပ်ပြောခဲ့ပါရစေ.....
မင်းကို အရမ်းကျေးဇူးတင်ပါတယ်ကွာ....။.....။

Hearts ငါ့နှလုံးသားလေးလည်း...အခုဆိုရင် မီးစိမ်းပြန်ပြသွားခဲ့ပါပြီ....။
နတ်သမီးလေးကိုလည်း...အရင်လို အနားမှာ ပြန်အမှုတော်ထမ်းခစားနိုင်ခဲ့ပြီလေ...။
နတ်သမီးရယ်...နောက်ဆိုရင်...
ငါ ..မင်းစိတ်ကြိုက်ပဲ ပြန်နေပါ့မယ်...။
မင်းအတွက်ပဲ ငါအချိန်တွေကို နှစ်မြှပ်ထားလိုက်ပါတော့မယ်...။
မင်းခိုင်းသမျှ ပြန်လုပ်ပါ့မယ်....။
မင်းထားတဲ့ ငါ့အတွက် အချစ်အပေါ်မှာ ငါအထွန့်ထပ်မတက်တော့ပါဘူး...။
မင်းစိတ်ကြိုက် ငါ့ဘ၀ဖြစ်ရပါစေမယ်...နတ်သမီးလေးရယ်...။
မင်းကို ထပ်ချစ်ဖို့ ငါ့အသက်တာတွေကို ငါပြန်အသွင်းပါတော့မယ်ကွာ...
ငါအရာရာ မင်းအတွက်ဖြစ်သွားပါပြီ....။
မင်းကို အရမ်း အရမ်း အရမ်း ကို ချစ်တယ် နတ်သမီးရယ်.....။

Saturday, August 23, 2008

Flower

ကောင်မလေးက ကျွန်တော်ကို သူပုံလေးတွေပြင်ပေးဖို့ပြောခဲ့တယ်..။
ကျွန်တော်ကတော့ သူပုံတွေကိုမပြင်ပဲနဲ့ သူ့အကြောင်းရေးထားတဲ့ ဒီ ဘလော့ဂ် လေးကို ပဲထပ်တစ်လဲလဲပြင်ပြင်ရေးနေခဲ့တယ်...။
တစ်ကယ်တော့ ကျွန်တော် ကသူကို မချစ်လို့မဟုတ်ပါဘူးဗျာ...။
ကိုယ်အရမ်းချစ်တဲ့ကောင်မလေး တစ်ယောက်ရဲ့ပုံကို ဘယ်သူက မပြင်ချင်ပဲနေပါ့မလဲဗျာ...။
ကျွန်တော်လည်းပြင်ချင်တာပေါ့...။
ဒါပေမဲ့ ကျွန်တော်မပြင်ခဲ့ဘူး..။
ဘာလို့လဲ သိလားကောင်မလေး.............။
ငါကတစ်ကယ်တော့ မင်းကို ပြင်ဆင်မှုမလုပ်ပဲနဲ့ကြည့်ချင်နေခဲ့လို့ပါ ..ကောင်မလေးရယ်...။

မင်းအတွက်..ငါနောက်ထပ်ပန်းလေးတစ်ပွင့်လက်ဆောင်ပေးခဲ့မယ်နော်..။
မင်းကြိုက်နိုင်ပါစေ..။

Friday, August 22, 2008

ကောင်မလေးအတွက် လက်ဆောင်ပေးရန်



ကျွန်တော် ဘ၀ရဲ့ အမှတ်တရ အဖြစ်ဆုံးအချိန်တစ်ခုကို ကောင်မလေးနဲ့ အတူတူဖြတ်သန်းခဲ့ရလို့ အရမ်းကို ပျော်ရွှင်မိပါတယ်ဗျာ..။
အဲဒီအချိန်လေးကတော့ ကောင်မလေးနဲ့ အတူ ညနေ (၆)နာရီကန်တော်ကြီးက မျှော်စင်ကျွန်းမှာ ဟန်ထူးလွင်ရဲ့ အေဒီ၃၀၀၀ကို တူတူသွားကြည့်ဖြစ်ခဲ့တဲ့အချိန်လေးတွေပါ..။
အဲဒီနေ့က မျှော်စင်ကျွန်းကို အ၀င်မိုးကလည်းတော်တော်လေးကို သည်းနေခဲ့တယ်လေ..။
ကောင်မလေးနဲ့ ကျွန်တော်က ထီးတစ်ချောင်းကို နှစ်ယောက်အတူတူဆောင်း ကျွန်တော်အရမ်း မြတ်နိုးတဲ့ကောင်မလေးရဲက လက်ကလေးတွေကို ဆုပ်ကိုင်ပြီး အတူတူ လမ်းလျှောက်ပြီးဝင်ခဲ့တယ်
အရမ်းကို ပျော်ခဲ့ရပါတယ် ကောင်မလေးရယ်..။
ရှိုးပွဲထဲကိုရောက်တော့ ကောင်မလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားမိခဲ့တယ်..။
ကောင်မလေးကလည်း ဘာမှမပြောခဲ့ဘူး..။ကျွန်တော်ကို ချစ်သူတစ်ယောက်ပုံစံမျိုးနဲ့လိုက်လျောခဲ့တယ်..။
ကျွန်တော်တို့ အတွဲကို ကောင်လေးတော်တော်များများ က ကြည့်နေခဲ့တယ်..(ကောင်မလေးက အရမ်းလှနေတာကိုး)..။
အဲဒီအချိန်တုံးကဆိုရင် ရှက်သွေးဖြာနေတဲ့ကောင်မလေးရဲ့ မျက်နှာကို ကျွန်တော်ကြည့်မ၀အောင်ကိုဖြစ်ခဲ့ရပါတယ်ကွာ...။

ည(၈)နာရီ ရှိုးပွဲပြီးတော့ ကောင်မလေးကို တက္ကစီနဲ့ အိမ်ပြန်လိုက်ပို့ဖြစ်ခဲ့တယ်..။
ကောင်မလေးနဲ့ အဲဒီတုံးကအဖြစ်အပျက်တွေကို ပြန်စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ပြန်ရင်ခုန်နေမိတယ်လေ..။
ဘယ်တော့မှ မမေ့နိုင်တော့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါပဲဗျာ..။

ပန့်ခ် စတိုင်ကို မှ နှစ်သက်တယ်ဆိုတဲ့ ၀ါသနာတူကောင်မလေးကို ၀ယ်ပေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့တဲ့ ဖိနပ်လေးတစ်ရံကို အမှတ်တရတင်ပေးလိုက်ပါတယ်..။
ကောင်မလေးနှစ်သက်နိုင်ပါစေကွာ...........။

ကျွန်တော်ချစ်တဲ့နတ်သမီးနဲ့ ရိုးမြေကျ


တစ်ကယ်တော့ ကျွန်တော်သူကိုတော်တော်ချစ်ခဲ့မိတာပါ..။
သူကို လိုက်ပို့ရတဲ့ အချိန်လေးတွေကို အမြဲချစ်နေတယ်..။
သူလက်ကလေးကိုတွဲပြီးလမ်းလျှောက်ရတဲ့ အရသာကို ကျွန်တော်ဘယ်တော့မှမမေ့ဘူးလေ..။
ကျွန်တော်ကြောင့် သူကို ဘာမှမဖြစ်စေချင်ဘူး..။
သူဘက်က ဘယ်လိုမှ သဘောမထားခဲ့ရင်လည်း ကျွန်တော်ကံပဲပေါ့ဗျာ..။
ကျွန်တော်ကတော့ ဒီလိုအခြေနေလေးကို ရောက်လာတာကို ပဲတော်တော်ကျေနပ်မိတာ တကယ်ပါ..။
ဒီပုံစံလေးနဲ့ပဲ အဆုံးသတ်သွားမယ်ဆိုတာကို သိနေရင်တောင်မှ သူနဲ့ ဒီလိုအခြေအနေမျိုးမှာပဲဆက်နေချင်မိတယ်..။


ကျွန်တော်ဘ၀ရဲ့ အပျော်ဆုံး အချိန်တွေကို သူနဲ့အတူ ဖန်ခွက်လေးတစ်လုံးထဲမှာ ဖြတ်သန်းသွားချင်ပါတယ်..။
ဆောင်းဦးလှိုင် သီချင်းထဲကလိုပဲ ကျွန်တော်က "ရိုးမြေကျပေါင်းဖို့အတွက်ရည်စူးပြီးချစ်ခဲ့တယ်ဆိုတာ.."
ကောင်မလေး တစ်နေ့မှာ သိနိုင်ရင်ကျေနပ်ပါပြီကောင်မလေးရယ်...။

ကျွန်တော်ဘ၀ကိုက တော်တော်ဆိုးပါတယ်ဗျာ..။



တစ်ကယ်တော့ ကျွန်တော်ဘ၀ကိုက တော်တော်လေးကိုဆိုးနေတာပါကောင်မလေးရယ်..။
မင်းမကြိုက်တာတွေကို ငါရှောင်ခဲ့ပြီ..။
မင်းကြောင်း ငါ့အကြိုက်ဆုံးအရသာ..၊ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း..၊ ငါ့ဘ၀ရဲ့ အရင်တုံးက ငါအနှစ်သက်ခဲ့ဆုံးပုံစံစရိုက်တွေကိုလည်း ငါပြုပြင်ခဲ့ရပြီလေ..။
ငါအကုန်လုံးကို စွန့်လွှတ်ခဲ့ပြီလေ..။
မင်းကြောင့် ငါဘ၀ရဲ့ ပထမဆုံးနေရာတော်တော်များများကိုလည်း မင်းလက်ထဲကို ထည့်ပေးခဲ့ပြီလေ..။
ငါဘာများထပ်မိုက်စရာကျန်တော့မှာတုံး ..နတ်သမီးရယ်........။

ငါကိုထပ်မလိမ်တော့ပါနဲ့နော်..။
ငါအမှန်အတိုင်းပြန်ပြန်သိရရင်ရူးသွားနိုင်လို့ပါကောင်မလေးရယ်..။

Monday, August 11, 2008

မင်းအတွက်ငါ..ပန်းလေးတစ်ပွင့်ဖြစ်ပါရစေ



ဖြူစင်လွန်းတဲ့ မင်းလေးအတွက် ကိုယ်အဖြစ်ချင်ဆုံးပန်းလေးတစ်ပွင့်ကတော့
တန်ဖိုးအရှိဆုံးစိန်တွေစီချယ်ထားတဲ့ အလှပဆုံးပင်ယံဖျားက..
နှင်းဆီလေးတစ်ပွင့်ပါ...ဒေ၀ီ...!

နင်ကြောင့်ဒုက္ခရောက်တဲ့...........ငါ....!



ညတုံးကပေါ့....
နင်အကြောင်းတွေတွေးရင်းနဲ့ ငါရွာလည်ပြီး အဲဒီလိုကြီးဖြစ်သွားသေးတယ်...။
နင်ကတော့ ဘာမှသိမှာမဟုတ်ပါဘူး....
ည 2:45 Am လောက်မှာပါ...။
အစကတော့ ငါကိုငါတောင်လန့်သွားတယ်....။
နောက်ကျတော့မှ....
ကိုယ်ပုံကိုပြန်ကြည့်ရင်း....ဟားတိုက်ရီမိတယ်....။
ငါသည် တော်တော်ရူးသည့်ကောင် ပါလားကွယ်...။

သွေးစွန်းစေမဲ့ အနမ်းများ...။




ကောင်မလေးရေ....
တစ်ကယ်တော့ အခုမှာငါစဉ်းစားမိတယ်...
တစ်ကယ်တော့ ငါချစ်တာ နင်ကိုလေ...နင်ကိုယ်ပိုင်ဆိုင်ချင်တဲ့စိတ်ကို ငါချစ်နေလို့ဘယ်ဖြစ်မလဲ...။
ငါနားလည်ပါပြီ..... နင်ကိုပိုင်ဆိုင်ခွင့်မရှိရင်လည်းဆက်ချစ်သွားပါ့မယ်...။

နင်ကိုချစ်သူအဖြစ်ပိုင်ဆိုင်ရဖို့ကိုလည်း မတောင်းဆိုတော့ပါဘူး...။
မင်းကျေနပ်ပြီ၊စိတ်ချရပြီဆိုတဲ့အချိန်လာခဲ့ပါ...
ငါနင်ကို တစ်ဘ၀လုံးနဲ့ရင်းပြီးစောင့်နေပါ့မယ်........

နင်အတွက်ငါနောက်ဆုံးကျခဲ့တဲ့ သွေးမျက်ရည်တွေနဲ့ရေးခဲ့တဲ့ဒီစာလေးကို
နင်ဖတ်ပြီး ငါကိုနားလည်နိုင်ပါစေ........
ကောင်မလေးရယ်...။

ကြင်နာလို့ချစ်ပါရစေ..ဂူးဂူးရယ်..။



"မိုးကောင်းကင်..မျက်နှာကျက်မှာ ...
ကြယ်ပွင့်လေးများနဲ့အတူ...မင်းကိုငါဖြန့်ကြဲလို့ထားလိုက်ချင်
သိမ်မွေ့နူးညံ့တဲ့....မင်းအပြုံးတွေ ကမ္ဘာ မြေအနှံမှာ...
ဖူးပွင့်နေ.....ပန်းရနံ့လို...ရင်ခွင်ထဲငြိမ်းချမ်းလို့သွား..မိန်းခလေးရေ...
မင်းအချစ်..,မင်းအမုန်း...,အားလုံး...အားလုံး...အားလုံးကို
ငါတစ်ကယ်မြတ်နိုးလို့...စွဲမြဲလို့ချစ်နေမှာ တစ်သက်လုံး...."



"အရမ်းချစ်တယ် ဂူးဂူးရယ်...

ဒီတော့ အရမ်းခံစားရတယ်......
ဘယ်တော့မှ အနိုင်မရခဲ့တဲ့ဒီအချစ်ကိုမှ..
နောက်ထပ်တမ်းတမိတော့လည်း...
ကိုယ်ဘ၀နဲ့...ကိုယ်သာရှိပါစေတော့ကွာ..."

Sunday, August 10, 2008

ကောင်မလေးရဲ့ခြေထောက်လှလှလေးတွေအတွက်




ကျွန်တော်
အမြတ်နိုးဆုံးကောင်မလေးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကတော့ ဆင်စွယ်ရောင်အဖြူဆွတ်ဆွတ်ပေါ်မှာ
ပုလဲလုံးလေးတွေ စီထားသလို ညီညာလှပနေတဲ့ ကောင်မလေးရဲ့ခြေထောက်တစ်စုံပါ..။
ကျွန်တော် သူခြေထောက်လေးတွေကို လမ်းသွားရင်ဖြစ်ဖြစ် ၊သူထိုင်နေရင်ဖြစ်ဖြစ်အမြဲ ကြည့်နေတတ်ခဲ့တယ်.။
သူရဲ့ ဖြုလျလျခြေချောင်းလေးတွေက သူနဲ့မခင်စဉ်ကတည်းကကို ကျွန်တော်နဲ့မိတ်ဆွေဖြစ်ပြီးသားပါ....။
ကျွန်တော်သူခြေထောက်လေးတွေကို လှမ်းကြည့်မိတိုင်း ...
ဖြစ်နိုင်ရင် တစ်နေ့သူခြေထောက်ကလေး ကိုင်ကြည့်ပါရစေလို့လည်းဆုတောင်းမိတယ်...။
ကျွန်တော်တို့ရုံးက ဖိနပ်ချွတ်စဉ်မရှိတော့ ဖိနပ်တွေကို အဆင်ပြေသလိုပဲ ချွတ်ကြရတယ်..။
တစ်ခါတစ်လေ .. လူကျတော့လည်း ဖိနပ်တွေကို တက်နင်းသွားတာတွေရှိတယ်..။
မိန်းမစီးဒေါက်မြင့်တွေကိုကျ တော့ တိုက်တိုက်သွားတတ်ကြတယ်...။

ကျွန်တော် သူရုံးက စဆင်းတဲ့နေ့ကတည်းက သူဖိနပ်တွေကို အမြဲ ဂရုတစိုက်နဲ့ ကြည့်ရှုနေခွင့်ရခဲ့တယ်..။
ဒီအတွက်လည်း...
ကျွန်တော် အရမ်းဝမ်းသာခဲ့ရတယ်.....။
ဒီလိုလုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူခဲ့တယ်လေ..
အခုဆို ကျွန်တော်ဘ၀မှာ တစ်ခါမှာ မလုပ်ဘူးတဲ့အလုပ်ကို ကောင်မလေးမသိအောင်ခိုးလုပ်တတ်နေခဲ့ပြီ..။
ဒါကတော့ ကောင်မလေးဖိနပ်ကို တိုက်ပေးခြင်းပါပဲ..
ဘယ်ကောင်မလေး..(ကျွန်တော်အဖေကလွဲလို့) ဘယ်သူကိုမှလုပ်မပေးခဲ့ဖူးပါဘူး..။
ကောင်မလေးမသိပေမဲ့ သိသွားတဲ့ရုံးကလူတွေက ကျွန်တော်အတွက် စိတ်မကောင်းဘူးတဲ့လေ..။

ဘယ်သူတွေဘာလာပြောပြော
ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီတာဝန်ကို တစ်သက်လုံးပင်စင်မယူပဲကို ကျွန်တော်ဘ၀ရဲ့နေ၀င်ချိန်နောက်ဆုံးနေ့အထိ ပျော်ပျော်ကြီးကို ထမ်းဆောင်သွားချင်ပါတယ်.. ကောင်မလေးရယ်....။

အသက်ကိုပေးလို့ချစ်ပါရစေ



ငါကိုခွင့်လွှတ်ပါတော့နော်...
ညနေကဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးအတွက်ပေါ့...။
ငါရိုင်းသွားတယ်ဆိုတာကို ငါအနူးညွှတ်တောင်းပန်ပါတယ် ကောင်မလေးရယ်...။

တစ်ကယ်တော့ နင်မိတ်ဆက်ပေးတဲ့အချိန်ထိကို ငါနင်တို့အနားမှာဆက်မနေနိုင်တော့လို့ပါ.....။
ငါက ဟန်ဆောင်တတ်တဲ့နေရာမှာ မထူးချွန်ဖြစ်ခဲ့ဘူး...
ဒါကြောင့်လည်း...
မင်းတို့အနားမှာဆက်နေရင် ငါကိုငါတစ်ခုခုလုပ်မိတော့မယ်ဆိုတာငါသိနေတယ်..
အဲလိုမလုပ်ဖြစ်ရင် ငါငိုချပစ်လိုက်မိမှာ....
ငါက ရင်ထဲမှာ တင်းမထားတတ်ဘူးလေ...
မင်းရှေ့မှာ ငါမျက်ရည်ကျတာကို မင်းကိုမမြင်စေချင်လို့ပါကွာ....

မင်းမိတ်ဆတ်မပေးခင် အချိန်ကတည်းက မင်းနဲ့သူရဲ့ ရင်းနှီးမူနှုန်းကို နောက်ကနေငါလိုက်ကြည့်ရင်းနဲ့
တွေ့ခဲ့ရပြီးပါပြီ...။
ငါကိုတောင် ရှက်လို့ဆိုပြီးပေးမကိုင်တဲ့ ငါချစ်တဲ့ နင်ပစ္စည်းလေးဖြစ်တဲ့ ထမင်းချိုင့်လေးကို အဲဒီကောင်လေးက
နင်လက်ထဲက နေဆွဲယူပြီးကိုင်ပေးတယ်နော်..
နောက်တော့ နင်က သူအနားလေးကို တိုးပြီးတော့ ရယ်သံလွင်လွင်လေးတွေ လက်တွဲလျှောက်တာကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတဲ့ ငါ ..... အဲဒီနေရာတင် ပွဲချင်းပြီးကားတိုက် သေလိုက်ရမှာပါဟာ...။
ငါမသေသေးသမျှ ကာလပတ်လုံး မင်းနဲ့ ပတ်သက်တဲ့ ဒီပုံရိပ်က ငါကို အမြဲချောက်လန့်နေအုံးမှာပါဟာ...
ငါနှလုံးသားတွေကလည်း ကောင်လေးလက်ထဲကိုပါသွားတဲ့ အဲဒီဂျိုင့်လေးနဲ့အတူ လွှင့်ပါးသွားခဲ့ရပါပြီ....ကောင်မလေးရယ်...။

ငါနှလုံးတွေအရမ်းခုန်နေတယ် ကောင်မလေးရယ်...
ဒီစာကိုရေးနေတုံးရင်ညွှန့်တွေအရမ်းအောင့်နေတယ်..
ငါသေသွားရင်ကောင်းမလား...
ကောင်းတယ်..ငါသေသွားရင်ငါဘာကိုမှ သိမှာမဟုတ်တော့ဘူးလေ..
ဒါမှ မဟုတ် ရင်
ငါဟာ သွက်သွက်ခါအောင်ကို ရူးသွားသင့်တယ်...
တစ်ဘ၀လုံးသတိပြန်မလည်ခြင်းနဲ့ အရူးတွေရှိတဲ့နေရာကို ငါသွားနေချင်တယ်...။

တစ်ဘ၀လုံး တစ်ခါမှ မချစ်ဘူးတဲ့ အချစ်မျိုးနဲ့ မင်းကို တစ်ကယ်ချစ်နေမိပြီဆိုတာကို
အခုမှာသိခဲ့ရတယ်..
ငါအတွက်တော့ ဂူးဂူးရယ်..နင်ဟာ အနှိုင်းမဲ့တစ်ခုပါ....။
ငါ့ကိုယ်ငါထက် မင်းကို ပိုချစ်တယ်...
ငါ့ အတွက် တစ်ယောက်တည်းရှိတော့တဲ့မိဘ ငါအဖေထက် မင်းကို ပိုချစ်တယ်.....
ငါ့ဘ၀ကြီးတစ်ခုလုံးထက် မင်းကိုပိုချစ်တယ်..မင်းနဲ့ပတ်သက်ရင်ငါဘ၀တက်လမ်းကို မေ့သွားတတ်ခဲ့ပြီကွာ..။

မင်းအတွက်အကုန်လုံးပေးအပ်လိုက်ပါပြီ...
ငါ့ကိုယ်ငါမယုံနိုင်ခြင်းများစွာနဲ့ အတူမင်းကိုချစ်သွားခဲ့ပါပြီ....။
ဂူးဂူးရယ်.....
နင်မျက်နှာလေးကို တွေ့ရဖို့အတွက် ငါတစ်ဘ၀လုံးကို ပေးဆပ်ရဲခဲ့ပါပြီကွာ.................။

မျှော်လင့်ခြင်းတွေ အရည်ပျော်သွားခဲ့ရတဲ့ Augest 10



ကျွန်တော်ဘ၀ရဲ့ အပျော်တွေကိုအဆုံးသတ်စေခဲ့တာသေချာသွားပြီလား...ကောင်မလေးရယ်....။
မင်းကြောင့်လို့တော့ ငါမပြောရဲခဲ့ပါဘူးကွာ.....
ဖြစ်နိုင်ရင်..
အရာအားလုံးကိုမေ့ပြီး... မင်းကိုမုန်းလိုက်ချင်တယ်ကွာ...
ဒါပေမဲ့ တစ်ကယ်တမ်းကြတဲ့ ငါ့နှလုံးသားတစ်စုံက မင်းကိုချစ်လို့မ၀နိုင်ဘူးဖြစ်နေတယ်...
မျှော်လင့်ခြင်းတွေ ချေမွခံလိုက်ရတဲ့ ဒီနေ့မှာပဲ ငါနှလုံးသားကိုအစာကျွေးခံလိုက်ရပြီ....။
ငါဘက်က တစ်ဘ၀လုံး မင်းအပေါ်မှာ ပေးဆပ်ပြီးချစ်ခဲ့သမျှ မင်းကငါကို အပျော်ကြံသွားတယ်ကွာ....။

မင်း...လုပ်ပါ နတ်သမီးရယ်..
မင်း စိတ်ကြိုက်သာလုပ်လိုက်ပါ....
မင်း ကြိုးဆွဲတဲ့ ဇတ်ရုပ်နဲ့ ကဖို့ ငါအစဉ်သင့်စောင့်နေမှာပါ...

မင်းလိုအပ်တဲ့ အချိန်မှာ ငါဘ၀ကြီးကို ကြိုက်သလို အသုံးချပါတော့....။
နောက်ဆုံး လမ်းဘေးကခွေးတစ်ကောင်လို လွှင့်ပစ်လိုက်ရင်လည်း ငါကျေကျေနပ်နပ်ကြီး ကို ခံယူပါရစေ...။
နောက်ဆုံး...
နောက်ဆုံး...ပြောချင်တာက တော့ မင်း ထာဝရ ပျော်နိုင်ပါစေ... နတ်သမီးလေးရယ်...

Saturday, August 9, 2008

နတ်သမီးနဲ့ စတွေ့ခြင်းရဲ့ အမှတ်တရ...


ကျွန်တော့်Computer ကြီး Format ချတဲ့နေ့...
ကံမကောင်းခြင်းတွေက စောစောစီးစီးအုံမှိုင်းနေတဲ့မိုးတွေနဲ့အတူရောချတဲ့နေ့..
အဲဒီနေ့က ပေါ့................။
ကျွန်တော်အလုပ်လုပ်တဲ့ရုံးတစ်ခုကို ကောင်မလေးတစ်ယောက်အလုပ်လာလျှောက်ဖြစ်ခဲ့ပါတယ်..
အဲဒီအချိန်မှာ ကျွန်တော်က Computer ကို Boot Setting ထဲဝင် CD ကနေ Boot တက်ဖို့ချိန်း၊နောက်ဆုံး Window CD စ Run တဲ့အချိန်မှာပေါ့....။Centrino တစ်လုံးစာ လောက် Speed နဲ့ Samsung ကထုတ်တဲ့ T260HD LCD တစ်ချပ်စာကြည်လင် ပြတ်သားမှုတွေကို သူဆီမှာတွေ့ခဲ့ရတယ်...။(ကျွန်တော်အထင်ပြောရရင် VGA 256MB လောက်နဲ့ Display လုပ်နေတယ်လို့တောင်ထင်ရတယ်...။)
မှတ်မှတ်ရရ အဲ့ဒီနေ့ က သူကဘောင်းဘီအတိုလေးနဲ့ပါ.....။
သွက်သွက်လက်လက်နဲ့ မြူးကြွနေတဲ့နောက်ဆုံးပေါ်သူ့စတိုင်တွေကြောင့် တစ်ရုံးလုံးရဲ့ စက္ခုအာရုံတွေ ကို
ခဏလေးအတွင်းမှာပဲ သူသိမ်းပိုက်လိုက်ပါတယ်..။(Symantec နောက်ဆုံးကထုတ်တဲ့ Trojan.Brisv trojan removable tool တင်ထားတဲ့စက်ကိုတောင် Global.exe ၀င်ပြီး MS.DOS တွေကို ဖျက်ချလိုက်သလိုပုံစံမျိုးပါပဲ)
အရမ်းလှနေတဲ့ ကောင်မလေးရဲ့ဆွဲဆောင်မှုကြောင့် လူတွေအားလုံးမှင်သက်ကုန်ကြတဲ့အချိန်မှာ..ကျွန်တော်ကကော...??
ကျွန်တော်ကတော့ Partation Data(D:) ကြီးကို မှားပြီး Format ချလိုက်မိပါတော့တယ်....ခင်ဗျား....။
အဲဒါကောင်မလေးနဲ့စတွေ့ခဲ့တဲ့ နိဒါန်းလေး တစ်ခုပါ.....



ဒီလိုနဲ့မှတ်မှတ်ရရ ကောင်မလေးကို ကျွန်တော်က သူအလုပ်နဲ့ပတ်သက်ပြီး Computer ကျွမ်းကျင်အပိုင်းကိုစစ်ဆေးဖို့

တာဝန်ပေးခြင်းကို ကံကောင်းခြင်းများစွာနဲ့ အပိုင်ရရှိခဲ့ပါတယ်...။
အဲဒီပျော်ရွှင်မှုလေးနဲ့အတူ အမှတ်တရ ပထမဦးဆုံးအကြိမ် ခံလိုက်ရတာကတော့ ရုံးသူ/ရုံးသားတွေကြားမှာ (နှာကောင်) အဖြစ် အရှက်ကွဲခဲ့ရခြင်းကိုပါ...။
ကျွန်တော်ကလည်း မှတ်မှတ်ရရ သူကို ကိုယ်ပါးစပ်က ဘယ်သူကိုမှမပေးဘူးတဲ့ အာမခံချက်တွေကို လိုတာထပ်ပိုပြီး MD ကိုတင်ပြဖြစ်ခဲ့တာကိုး..။
မှတ်မှတ်ရရ မဖြစ်တာတစ်ခုတော့ ကျန်ခဲ့တယ်ဗျ....
ဒီအဖြစ်အပျက်လေးကို ကောင်မလေးမှတ်မိချင်မှမှတ်မိမယ်လေ...။
-------------------------------------------------------------------------------------------------

မင်းနဲ့နီးချင်ပြီ.........



ကောင်မလေးရယ်...
ငါကို နင့်ရဲ့ဆုံးဖြတ်ချက်အဖြေတစ်ခုမြန်မြန်ပေးပါတော့ကွာ....။
ကြာရင် မင်းကို နီးလျက်နဲ့ဝေးနေရတဲ့ဘ၀နဲ့ ငါသေဆုံးရပါတော့မယ်..။
ငါဘ၀ကို မင်းဆီမှာ အမြန်ဆုံးပေးဆပ်ခွင့်ပြုပါတော့ကွာ...။
ငါမင်းနဲ့အရမ်းကိုနီးချင်နေလို့ပါ....။

Friday, August 8, 2008

Happy 8.8 birthday for guu guu



၈ရက် ၈လနေ့မှာကြရောက်တဲ့ မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာအထိ
ဂူးဂူးလေးချစ်တဲ့ ဂူးဂူးလေးရဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်နိုင်ပါစေ....!!

Thursday, August 7, 2008

ကောင်မလေးအတွက်...


ကောင်မလေးရယ်....ငါနင်ကိုတစ်ကယ်ချစ်သွားခဲ့တာပါ...
ဘာလို့မှန်းမသိတဲ့အတွေးတွေနဲ့ မင်းနဲ့ဝေးရမှာ စိုးရိမ်တယ်....။
ဖွင့်ပြောဖို့လည်း ..
မထိုက်တန်မှန်းသိနေတဲ့....

ငါအချစ်တွေကို
.....
ဒီ ဘလောခ့်လေးကိုပဲ ပြောခဲ့ပါရစေ........

Wednesday, August 6, 2008

ကျွန်တော်ချစ်တဲ့နတ်သမီး


ကျွန်တော် အရမ်းချစ်တဲ့ကောင်မလေးတစ်ယောက်အတွက်ပါ.....
သူပြန်မချစ်နိုင်ရင်တောင်...
ကျွန်တော်အချစ်တွေကို နားလည်နိုင်ပါစေဗျာ.............။