Showing posts with label Forever love on u. Show all posts
Showing posts with label Forever love on u. Show all posts

Monday, September 8, 2008

စက်တင်ဘာ မိတ်ဆက် (0r) တစ်လပြည့် အချစ်စစ်



ကောင်မလေးရယ်....
နေ့တွေညတွေကလည်း မြန်လိုက်တာနော်....
ဘာလိုလိုနဲ့ မိုးညိုပျော်ခဲ့တဲ့ ၀သန်ချိန်လေးတွေကုန်လို့....
မိုးညိုတို့ စောင့်စားနေတဲ့ ဟေမာန်ရာသီကိုတောင် ရောက် လုနီးလာပြီ..။
နတ်သမီးနဲ့ချစ်ခဲ့တာကလည်း တစ်လတင်းတင်းပြည့်ခဲ့ပြီနော်.........။

နတ်သမီးအတွက် မမှတ်မိနိုင်ပေမဲ့ ..
ငါအတွက်ကတော့ အမြဲတမ်း အမှတ်တရဖြစ်နေမယ်ဆိုတာကို ယုံပါ...။
နတ်သမီးအလုပ်ဝင်ပြီးနောက်တစ် "နေ့"
နတ်သမီးကို အမြန်ဆုံးချစ်ခွင့်ပန်ခဲ့တဲ့ "နေ့"
နတ်သမီးဆီက အဖြေကို သေမလောက်တောင်းဆိုခဲ့တဲ့ "နေ့" လေးတောင်မှ ပြန်ရောက်ခဲ့ပြီနော်...။

အရမ်းပျော်တယ်နတ်သမီးရယ်...။
အရာရာအတွက်ပါ..၊နတ်သမီးပေးခဲ့တဲ့ မေတ္တာတွေအတွက်လေ...။
အရမ်းလည်းချစ်ခဲ့မိတယ်.. ..၊အရမ်းလည်း ရင်တွေမောခဲ့ရတယ်...
နောက်ပြီးတော့ ...
အရမ်းလည်းလွမ်းတတ်ခဲ့တယ် နတ်သမီးရယ်...။

နတ်သမီးနဲ့ဝေးသွားတဲ့ အချိန်တွေ....၊လွမ်းခဲ့ရတဲ့နေရာတွေ..........၊
တစ်ဖြေးဖြေးကုန်လွန်သွားတဲ့အချိန်လေးတွေမှာ..
နတ်သမီး အကြောင်းတွေးရင်းနဲ့ ဘ၀ကို စနစ်တကျ ကုန်လွန်ဖြစ်ခဲ့တဲ့
ငါရဲ့တစ်နေ့တာအချိန်တွေကို ငါကျေနပ်ပါတယ်ကွာ...။

နောက်လာမဲ့နေ့တွေ....၊ညတွေ.......၊
ဘ၀တွေ..........မှာ
ငါတို့လက်တွေ တူတူတွဲထားလိုက်ချင်တယ်ကွာ......။

ငါလုပ်နေကျ ပုံစံအတိုင်းလေး..
နတ်သမီးလက်ကလေးတွေကို ဖွဖွလေးနမ်းပြီး
ငါရဲ့နေ့သစ်တွေကို စတင်ခွင့်ပြုဖို့ပဲ ........
ထပ်တောင်းဆိုပါရစေ......။

ငါ.... ကျိန်ဆိုပါရစေ....
နောက်ဖြစ်လေရာ ဘ၀ဆက်တိုင်းမှာ
နတ်သမီးနဲ့ ချစ်သူဖြစ်ခွင့်မရခဲ့ရင်တောင်
နတ်သမီးနားမှာ အမြဲစောင့်ရှောက်ခွင့် ရှိနေမဲ့
ခွေးကလေး ၊ကြောင်ကလေး...
နောက်ဆုံး......
နတ်သမီးခြေချောင်းလေးတွေပေါ်က
ခြေသည်းလေးတွေ အဖြစ်နဲ့
နတ်သမီးအနားမှာ ...
ဒီကမ္ဘာကြီး မပျက်စီးသေးသရွေ့
ဘ၀တွေတိုင်းမှာ... ရှိနေပါရစေ.......နတ်သမီးရယ်..။

မပြောင်းလဲတတ်တဲ့ အချစ်နဲ့ ထာဝရအဆုံးထိချစ်နေမယ်....... ကိုစိုင်း