
ကျွန်တော် အမြတ်နိုးဆုံးကောင်မလေးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကတော့ ဆင်စွယ်ရောင်အဖြူဆွတ်ဆွတ်ပေါ်မှာ
ပုလဲလုံးလေးတွေ စီထားသလို ညီညာလှပနေတဲ့ ကောင်မလေးရဲ့ခြေထောက်တစ်စုံပါ..။
ကျွန်တော် သူခြေထောက်လေးတွေကို လမ်းသွားရင်ဖြစ်ဖြစ် ၊သူထိုင်နေရင်ဖြစ်ဖြစ်အမြဲ ကြည့်နေတတ်ခဲ့တယ်.။
သူရဲ့ ဖြုလျလျခြေချောင်းလေးတွေက သူနဲ့မခင်စဉ်ကတည်းကကို ကျွန်တော်နဲ့မိတ်ဆွေဖြစ်ပြီးသားပါ....။
ကျွန်တော်သူခြေထောက်လေးတွေကို လှမ်းကြည့်မိတိုင်း ...
ဖြစ်နိုင်ရင် တစ်နေ့သူခြေထောက်ကလေး ကိုင်ကြည့်ပါရစေလို့လည်းဆုတောင်းမိတယ်...။
ကျွန်တော်တို့ရုံးက ဖိနပ်ချွတ်စဉ်မရှိတော့ ဖိနပ်တွေကို အဆင်ပြေသလိုပဲ ချွတ်ကြရတယ်..။
တစ်ခါတစ်လေ .. လူကျတော့လည်း ဖိနပ်တွေကို တက်နင်းသွားတာတွေရှိတယ်..။
မိန်းမစီးဒေါက်မြင့်တွေကိုကျ တော့ တိုက်တိုက်သွားတတ်ကြတယ်...။
ကျွန်တော် သူရုံးက စဆင်းတဲ့နေ့ကတည်းက သူဖိနပ်တွေကို အမြဲ ဂရုတစိုက်နဲ့ ကြည့်ရှုနေခွင့်ရခဲ့တယ်..။
ဒီအတွက်လည်း...
ကျွန်တော် အရမ်းဝမ်းသာခဲ့ရတယ်.....။
ဒီလိုလုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူခဲ့တယ်လေ..
အခုဆို ကျွန်တော်ဘ၀မှာ တစ်ခါမှာ မလုပ်ဘူးတဲ့အလုပ်ကို ကောင်မလေးမသိအောင်ခိုးလုပ်တတ်နေခဲ့ပြီ..။
ဒါကတော့ ကောင်မလေးဖိနပ်ကို တိုက်ပေးခြင်းပါပဲ..
ဘယ်ကောင်မလေး..(ကျွန်တော်အဖေကလွဲလို့) ဘယ်သူကိုမှလုပ်မပေးခဲ့ဖူးပါဘူး..။
ကောင်မလေးမသိပေမဲ့ သိသွားတဲ့ရုံးကလူတွေက ကျွန်တော်အတွက် စိတ်မကောင်းဘူးတဲ့လေ..။
ဘယ်သူတွေဘာလာပြောပြော
ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီတာဝန်ကို တစ်သက်လုံးပင်စင်မယူပဲကို ကျွန်တော်ဘ၀ရဲ့နေ၀င်ချိန်နောက်ဆုံးနေ့အထိ ပျော်ပျော်ကြီးကို ထမ်းဆောင်သွားချင်ပါတယ်.. ကောင်မလေးရယ်....။































No comments:
Post a Comment