Friday, August 29, 2008

နတ်သမီးနဲ့..ချစ်ခြင်းရဲ့ အမှတ်တရနေ့

LoveKissနတ်သမီးရယ်..ချစ်ခြင်းနဲ့ ငါ့ဘ၀ကို အမှတ်တရဖြစ်စေခဲ့တဲ့အတွက် ကျေးဇူးပါကွာ...။ငါတစ်ကယ်ကို မင်းနဲ့ပျော်ရွှင်ခဲ့ရပြီ..ငါလိုချင်တဲ့အရာတွေကို
မင်းဆီကရခဲ့ပြီ...။ငါအရမ်းအရမ်းကို တမ်းတနေတဲ့ မင်းဘက်က တုံပြန်မှု အနမ်းလေးတစ်ပွင့်ကို ငါ....
ရခဲ့လို့.... ငါအရမ်းကိုပျော်သွားခဲ့တဲ့နေ့လေးပါ...နတ်သမီးလေးရယ်....။ ။
ဖြစ်နိုင်ရင်အဲဒီနေ့ကို ငါရင်ဘတ်ထဲထိုးထည့်ထားလိုက်ချင်တယ်...။မင်းဓါတ်ပုံလှလှလေးတွေကို ပြင်ပေးတဲ့နေ့ကျမှ ပုံကထုတ်လို့မရဘူး...။(memory stickကမကောင်းတော့လို့)။ငါလည်းစိတ်မကောင်းပါဘူးကွာ...။မင်းက ဒီနေ့ ငါလက်မောင်းပေါ်ကို
မင်းလက်ကလေးနဲ့ တွယ်ထားပြီးလိုက်ခဲ့တဲ့အချိန်တွေက ငါကိုတော်တော်ပျော်ရွှင်စေတယ်..။ဖြစ်နိုင်ရင် မင်းနဲ့တစ်နေကုန် အဲလိုပုံစံနဲ့
ငါလမ်းတွေလျှောက်ချင်တယ်...။သေချာပါတယ်.... မင်းနဲ့သာဆိုရင် ငါက ဘယ်တော့မှ ချစ်ခြင်းမှာငြီးငွေ့နိုင်မှာမဟုတ်တော့ပါဘူး..။


ကောင်မလေးရယ်...ဒီနေ့မှကားတွေကလည်း ကြပ်လိုက်တာနော်....။မင်းနဲ့စီးနေကျ ဗိုက်ပူကားကြီးတစ်စီးလာတော့မှ..ငါတို့
နှစ်ယောက်ပြေးတတ်သွားခဲ့ကြတယ်..။တစ်လမ်းလုံး မင်းကငါ့ကို မင်းဖြစ်စေချင်တာတွေပြောတယ်..။ငါ့ကို မင်းရုံးမှာမရှိတော့တဲ့နောက်
နေရမဲ့ ပုံစံတွေကိုပြောတယ်..။ငါပျော်လိုက်တာ ကောင်မလေးရယ်....။မင်းရဲ့ ငါ အပေါ်ဂရုစိုက်မှုလေးတစ်ခုအတွက် ငါအရမ်းဝမ်းသာလိုက်တာ..ကွာ..။မင်းအတွက် " ငါရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို Daily Report တစ်အုပ်လုပ်ပေးပြီးတော့ အပတ်တိုင်းတွေ့ရင်တင်ရမယ်တဲ့.....။ငါ့ သူငယ်ချင်း မိုးချုပ်ညကြီးနဲ့ ညနေညနေတွေကြရင်လည်း မလိုက်သွားရဘူးတဲ့....ဆိုင်မှာပဲနေရမယ်တဲ့..။လိုက်သွားတယ်လို့သိရရင်...မင်းကငါကိုဖြတ်ပစ်မယ်တဲ့ "။ ငါအတွက် ဂရုစိုက်မှုလေးတစ်ခု ပေးခဲ့တဲ့ပေါ် ငါဦးညွှတ်ပြီးတော့ မင်းကို ကျေးဇူးတင်နေမှာပါကွာ..။

ကားကြီးကလည်း ဒီနေ့မှ ငါအကြိုက် အရမ်းကို ကြာကြာကြီးမောင်းနေတော့တာပဲ..။မင်းကတော့ အိမ်ပြန်နောက်ကျလို့ စိတ်ညစ်နေပြီ..။ငါအတွက်ကတော့ နောက်ထပ်သိပ်မကျန်တော့တဲ့ အခွင့်အရေးလေးတစ်ခုပေါ် အခွင့်အရေးတွေယူနေမိတာကို ခွင့်လွှတ်ပေးပါကွာ..။ဖြစ်နိုင်ရင် မင်းနဲ့ မခွဲချင်ဘူး..။ ဒီအဓိပယ်မရှိတော့မဲ့ မနက်ဖြန်တွေကို မင်းမရှိပဲနဲ့ ရင်မဆိုင်ချင်ဘူး...။ မင်းမရှိတော့တဲ့ ဒီရုံးခန်းထဲမှာ ငါ့ဝိညာဉ်ကို တစ်ကောင်ထဲ မထားခဲ့နိုင်လို့ပါကွာ..။မင်းငါ့ကို ကားပေါ်မှာ အများကြီးဖြေသိမ့်ခဲ့တဲ့
စကားတွေကြောင့် ငါဒီလောက်အသက်ရှုနိုင်တယ်ဆိုတာကိုတော့ မင်းယုံပါကွာ...။
နောက်ဆုံး မင်းနဲ့ကားပေါ်ကနေ တူတူဆင်းခဲ့တယ်..တူတူလက်တွဲပြီးတော့ ပလက်ဖောင်းပေါ်ကိုတက်ခဲ့တယ်
မင်းအတွက် ငါအတွက် နှစ်ယောက်တစ်ဘ၀ပုံစံလေးပေါ့..။ငါအရမ်းတမ်းတနေတဲ့ ပုံပြင်လေးတစ်ပုဒ်ကို မင်း
အိမ်အပြန်လမ်းမှာ ငါ့ကို..ပြောခဲ့တယ်နော်....။

ဘယ်လိုမှ
ခန့်မှန်းလို့မရတဲ့မိုးက...
လှလှပပလေးကို လျှပ်ခက်တွေနဲ့လှပလိုက်တာပါ...(ကျွန်တော့်အတွက် ဖြစ်နိုင်ပေမဲ့ ကောင်မလေးအတွက်ကတော့ တော်တော်လေးကို အထိတ်တလန့်ဖြစ်စေခဲ့တယ်..)..။
လူတွေ...
လူတွေ... ရှုပ်ယှက်ခပ်နေတဲ့ကြားက
ကောင်မလေးရဲ့ အားကိုတစ်ကြီးနဲ့ ရင်ခွင်ထဲကိုဝင်လာခဲ့တဲ့ အထိအတွေ့ကလေးတစ်ခုကြောင့်
ငါ...
လူတွေကို မေ့သွားတယ်...။
ငါ....
ရောက်နေတဲ့နေရာကိုမေ့သွားတယ်...။
နောက်ဆုံး...ငါ ကောင်မလေးအရမ်းကြောက်နေတဲ့ အဲဒီ လျှပ်စီးကြီးကိုတောင် မေ့သွားတယ်ကောင်မလေးရယ်....။
ကောင်မလေးတစ်ကယ်ကိုကြောက်နေတာပါ...။
ဘာလို့လဲဆိုတော့
ငါ့ရင်ခွင်ထဲက ကြောက်ရွံ့ခြင်းတွေနဲ့ ကောင်းကင်ကိုခိုးကြည့်နေခဲ့တဲ့ ငါ့နတ်သမီးရဲ့ မျက်နှာလေးကို
ဘယ်တော့မှ မမေ့နိုင်တော့လို့လေ...။
ငါ့ရဲ့ အားပေးစကားတွေကို နားထောင်ရင်းနဲ့
ရုံးထွက်လာတဲ့မင်းခေါင်းလေးကို ငါ့လက်လေးနဲ့ထိုးဖွလိုက်တယ်...။

အဲဒီ အချိန်လေးမှာပဲ....
နတ်သမီးရဲ့ လျှပ်စီးလေး တစ်ပြက်ကတော့
ကျွန်တော့ရဲ့ ပါးပြင်မှာ လက်လက်ထသွားစေခဲ့ပါတော့တယ်..။
ဘယ်လိုမှ မထင်မှတ်ပဲအပစ်ခံလိုက်ရတဲ့ ဒီလျှပ်စီးလေးကတော့
ဘယ်သူမှသိနိုင်မှာ မဟုတ်ပေမဲ့....
နတ်သမီးရယ်.... ငါ့ ရင်ထဲမှာတော့ တစ်သက်စာလင်းလက်သွားစေခဲ့ပါလား ဟာ.....။

နတ်သမီးကို အရမ်းချစ်တဲ့...
နတ်သမီးရဲ့ အမှုတော်ထမ်း
(မိုးညို)

No comments: