Wednesday, August 27, 2008

ကောင်မလေး ကို ချစ်တဲ့ နေ့ရက်တွေ အကြောင်း


တစ်ကယ်တော့
ပိုင်ဆိုင်နေရတာကိုကစွန့်လွှတ်ပြီးသားပါ......။

လိုချင်တဲ့အချိန်ပြန်ပေးဖို့ အသည်းတစ်စုံကို
အလွယ်တကူ
မျက်ရည်ပုန်းထဲက ထည့်ထားပြီးသားပါ...။

ငါအတွက်
အစစ်အမှန်မဟုတ်မှန်းသိနေကတည်းကိုက
ဆက်ချစ်နိုင်မဲ့ အခြေအနေတွေကို လက်ခံပြီးသားမို့လို့
မင်းကြိုက်တာ လုပ်ဖို့ပဲနောက်ဆုံးတောင်းပန်ပါရစေ..........။

ချစ်နေခဲ့ရတဲ့ နေရက်တွေကို....တစ်ရက်မှ မမေ့ဘူး..။
ဖြစ်နိုင်ရင် နောက်ဆုံးနေ့ဆိုတာကြီးကို
ပိတ်ကားနောက်ကို ဆွဲချလိုက်ချင်တယ်...။
ဒါပေမဲ့
ဘ၀ဆိုတာက ပြဇတ်တစ်ပုဒ်မဖြစ်နိုင်မှန်းသိနေတော့....။ ။

ဝေးခဲ့မယ်ဆိုရင်..
သေချာတယ် ငါလွမ်းနေမှာပါ...ငါသတိရနေမှာပါ....
နောက်ဆုံး...ငါတမ်းတ အော်ဟစ်မိတဲ့
နံမည်လေးတစ်ခုမှာ"ဇင်မီ" ဆိုတာလေးတော့
ပါလာမိမှာ သေချာပါတယ် ကောင်မလေးရယ်....။

No comments: