Friday, August 22, 2008

ကောင်မလေးအတွက် လက်ဆောင်ပေးရန်



ကျွန်တော် ဘ၀ရဲ့ အမှတ်တရ အဖြစ်ဆုံးအချိန်တစ်ခုကို ကောင်မလေးနဲ့ အတူတူဖြတ်သန်းခဲ့ရလို့ အရမ်းကို ပျော်ရွှင်မိပါတယ်ဗျာ..။
အဲဒီအချိန်လေးကတော့ ကောင်မလေးနဲ့ အတူ ညနေ (၆)နာရီကန်တော်ကြီးက မျှော်စင်ကျွန်းမှာ ဟန်ထူးလွင်ရဲ့ အေဒီ၃၀၀၀ကို တူတူသွားကြည့်ဖြစ်ခဲ့တဲ့အချိန်လေးတွေပါ..။
အဲဒီနေ့က မျှော်စင်ကျွန်းကို အ၀င်မိုးကလည်းတော်တော်လေးကို သည်းနေခဲ့တယ်လေ..။
ကောင်မလေးနဲ့ ကျွန်တော်က ထီးတစ်ချောင်းကို နှစ်ယောက်အတူတူဆောင်း ကျွန်တော်အရမ်း မြတ်နိုးတဲ့ကောင်မလေးရဲက လက်ကလေးတွေကို ဆုပ်ကိုင်ပြီး အတူတူ လမ်းလျှောက်ပြီးဝင်ခဲ့တယ်
အရမ်းကို ပျော်ခဲ့ရပါတယ် ကောင်မလေးရယ်..။
ရှိုးပွဲထဲကိုရောက်တော့ ကောင်မလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားမိခဲ့တယ်..။
ကောင်မလေးကလည်း ဘာမှမပြောခဲ့ဘူး..။ကျွန်တော်ကို ချစ်သူတစ်ယောက်ပုံစံမျိုးနဲ့လိုက်လျောခဲ့တယ်..။
ကျွန်တော်တို့ အတွဲကို ကောင်လေးတော်တော်များများ က ကြည့်နေခဲ့တယ်..(ကောင်မလေးက အရမ်းလှနေတာကိုး)..။
အဲဒီအချိန်တုံးကဆိုရင် ရှက်သွေးဖြာနေတဲ့ကောင်မလေးရဲ့ မျက်နှာကို ကျွန်တော်ကြည့်မ၀အောင်ကိုဖြစ်ခဲ့ရပါတယ်ကွာ...။

ည(၈)နာရီ ရှိုးပွဲပြီးတော့ ကောင်မလေးကို တက္ကစီနဲ့ အိမ်ပြန်လိုက်ပို့ဖြစ်ခဲ့တယ်..။
ကောင်မလေးနဲ့ အဲဒီတုံးကအဖြစ်အပျက်တွေကို ပြန်စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ပြန်ရင်ခုန်နေမိတယ်လေ..။
ဘယ်တော့မှ မမေ့နိုင်တော့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါပဲဗျာ..။

ပန့်ခ် စတိုင်ကို မှ နှစ်သက်တယ်ဆိုတဲ့ ၀ါသနာတူကောင်မလေးကို ၀ယ်ပေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့တဲ့ ဖိနပ်လေးတစ်ရံကို အမှတ်တရတင်ပေးလိုက်ပါတယ်..။
ကောင်မလေးနှစ်သက်နိုင်ပါစေကွာ...........။

No comments: