
ကျွန်တော်ဘ၀ရဲ့ အပျော်တွေကိုအဆုံးသတ်စေခဲ့တာသေချာသွားပြီလား...ကောင်မလေးရယ်....။
မင်းကြောင့်လို့တော့ ငါမပြောရဲခဲ့ပါဘူးကွာ.....
ဖြစ်နိုင်ရင်..
အရာအားလုံးကိုမေ့ပြီး... မင်းကိုမုန်းလိုက်ချင်တယ်ကွာ...
ဒါပေမဲ့ တစ်ကယ်တမ်းကြတဲ့ ငါ့နှလုံးသားတစ်စုံက မင်းကိုချစ်လို့မ၀နိုင်ဘူးဖြစ်နေတယ်...
မျှော်လင့်ခြင်းတွေ ချေမွခံလိုက်ရတဲ့ ဒီနေ့မှာပဲ ငါနှလုံးသားကိုအစာကျွေးခံလိုက်ရပြီ....။
ငါဘက်က တစ်ဘ၀လုံး မင်းအပေါ်မှာ ပေးဆပ်ပြီးချစ်ခဲ့သမျှ မင်းကငါကို အပျော်ကြံသွားတယ်ကွာ....။
မင်း...လုပ်ပါ နတ်သမီးရယ်..
မင်း စိတ်ကြိုက်သာလုပ်လိုက်ပါ....
မင်း ကြိုးဆွဲတဲ့ ဇတ်ရုပ်နဲ့ ကဖို့ ငါအစဉ်သင့်စောင့်နေမှာပါ...
မင်းလိုအပ်တဲ့ အချိန်မှာ ငါဘ၀ကြီးကို ကြိုက်သလို အသုံးချပါတော့....။
နောက်ဆုံး လမ်းဘေးကခွေးတစ်ကောင်လို လွှင့်ပစ်လိုက်ရင်လည်း ငါကျေကျေနပ်နပ်ကြီး ကို ခံယူပါရစေ...။
နောက်ဆုံး...
နောက်ဆုံး...ပြောချင်တာက တော့ မင်း ထာဝရ ပျော်နိုင်ပါစေ... နတ်သမီးလေးရယ်...































No comments:
Post a Comment