Sunday, August 10, 2008

အသက်ကိုပေးလို့ချစ်ပါရစေ



ငါကိုခွင့်လွှတ်ပါတော့နော်...
ညနေကဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးအတွက်ပေါ့...။
ငါရိုင်းသွားတယ်ဆိုတာကို ငါအနူးညွှတ်တောင်းပန်ပါတယ် ကောင်မလေးရယ်...။

တစ်ကယ်တော့ နင်မိတ်ဆက်ပေးတဲ့အချိန်ထိကို ငါနင်တို့အနားမှာဆက်မနေနိုင်တော့လို့ပါ.....။
ငါက ဟန်ဆောင်တတ်တဲ့နေရာမှာ မထူးချွန်ဖြစ်ခဲ့ဘူး...
ဒါကြောင့်လည်း...
မင်းတို့အနားမှာဆက်နေရင် ငါကိုငါတစ်ခုခုလုပ်မိတော့မယ်ဆိုတာငါသိနေတယ်..
အဲလိုမလုပ်ဖြစ်ရင် ငါငိုချပစ်လိုက်မိမှာ....
ငါက ရင်ထဲမှာ တင်းမထားတတ်ဘူးလေ...
မင်းရှေ့မှာ ငါမျက်ရည်ကျတာကို မင်းကိုမမြင်စေချင်လို့ပါကွာ....

မင်းမိတ်ဆတ်မပေးခင် အချိန်ကတည်းက မင်းနဲ့သူရဲ့ ရင်းနှီးမူနှုန်းကို နောက်ကနေငါလိုက်ကြည့်ရင်းနဲ့
တွေ့ခဲ့ရပြီးပါပြီ...။
ငါကိုတောင် ရှက်လို့ဆိုပြီးပေးမကိုင်တဲ့ ငါချစ်တဲ့ နင်ပစ္စည်းလေးဖြစ်တဲ့ ထမင်းချိုင့်လေးကို အဲဒီကောင်လေးက
နင်လက်ထဲက နေဆွဲယူပြီးကိုင်ပေးတယ်နော်..
နောက်တော့ နင်က သူအနားလေးကို တိုးပြီးတော့ ရယ်သံလွင်လွင်လေးတွေ လက်တွဲလျှောက်တာကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတဲ့ ငါ ..... အဲဒီနေရာတင် ပွဲချင်းပြီးကားတိုက် သေလိုက်ရမှာပါဟာ...။
ငါမသေသေးသမျှ ကာလပတ်လုံး မင်းနဲ့ ပတ်သက်တဲ့ ဒီပုံရိပ်က ငါကို အမြဲချောက်လန့်နေအုံးမှာပါဟာ...
ငါနှလုံးသားတွေကလည်း ကောင်လေးလက်ထဲကိုပါသွားတဲ့ အဲဒီဂျိုင့်လေးနဲ့အတူ လွှင့်ပါးသွားခဲ့ရပါပြီ....ကောင်မလေးရယ်...။

ငါနှလုံးတွေအရမ်းခုန်နေတယ် ကောင်မလေးရယ်...
ဒီစာကိုရေးနေတုံးရင်ညွှန့်တွေအရမ်းအောင့်နေတယ်..
ငါသေသွားရင်ကောင်းမလား...
ကောင်းတယ်..ငါသေသွားရင်ငါဘာကိုမှ သိမှာမဟုတ်တော့ဘူးလေ..
ဒါမှ မဟုတ် ရင်
ငါဟာ သွက်သွက်ခါအောင်ကို ရူးသွားသင့်တယ်...
တစ်ဘ၀လုံးသတိပြန်မလည်ခြင်းနဲ့ အရူးတွေရှိတဲ့နေရာကို ငါသွားနေချင်တယ်...။

တစ်ဘ၀လုံး တစ်ခါမှ မချစ်ဘူးတဲ့ အချစ်မျိုးနဲ့ မင်းကို တစ်ကယ်ချစ်နေမိပြီဆိုတာကို
အခုမှာသိခဲ့ရတယ်..
ငါအတွက်တော့ ဂူးဂူးရယ်..နင်ဟာ အနှိုင်းမဲ့တစ်ခုပါ....။
ငါ့ကိုယ်ငါထက် မင်းကို ပိုချစ်တယ်...
ငါ့ အတွက် တစ်ယောက်တည်းရှိတော့တဲ့မိဘ ငါအဖေထက် မင်းကို ပိုချစ်တယ်.....
ငါ့ဘ၀ကြီးတစ်ခုလုံးထက် မင်းကိုပိုချစ်တယ်..မင်းနဲ့ပတ်သက်ရင်ငါဘ၀တက်လမ်းကို မေ့သွားတတ်ခဲ့ပြီကွာ..။

မင်းအတွက်အကုန်လုံးပေးအပ်လိုက်ပါပြီ...
ငါ့ကိုယ်ငါမယုံနိုင်ခြင်းများစွာနဲ့ အတူမင်းကိုချစ်သွားခဲ့ပါပြီ....။
ဂူးဂူးရယ်.....
နင်မျက်နှာလေးကို တွေ့ရဖို့အတွက် ငါတစ်ဘ၀လုံးကို ပေးဆပ်ရဲခဲ့ပါပြီကွာ.................။

No comments: