
ကောင်မလေးရယ်....နေ့တွေညတွေကလည်း မြန်လိုက်တာနော်.... ဘာလိုလိုနဲ့ မိုးညိုပျော်ခဲ့တဲ့ ၀သန်ချိန်လေးတွေကုန်လို့....မိုးညိုတို့ စောင့်စားနေတဲ့ ဟေမာန်ရာသီကိုတောင် ရောက် လုနီးလာပြီ..။နတ်သမီးနဲ့ချစ်ခဲ့တာကလည်း တစ်လတင်းတင်းပြည့်ခဲ့ပြီနော်.........။နတ်သမီးအတွက် မမှတ်မိနိုင်ပေမဲ့ ..ငါအတွက်ကတော့ အမြဲတမ်း အမှတ်တရဖြစ်နေမယ်ဆိုတာကို ယုံပါ...။နတ်သမီးအလုပ်ဝင်ပြီးနောက်တစ် "နေ့" နတ်သမီးကို အမြန်ဆုံးချစ်ခွင့်ပန်ခဲ့တဲ့ "နေ့"နတ်သမီးဆီက အဖြေကို သေမလောက်တောင်းဆိုခဲ့တဲ့ "နေ့" လေးတောင်မှ ပြန်ရောက်ခဲ့ပြီနော်...။အရမ်းပျော်တယ်နတ်သမီးရယ်...။အရာရာအတွက်ပါ..၊နတ်သမီးပေးခဲ့တဲ့ မေတ္တာတွေအတွက်လေ...။အရမ်းလည်းချစ်ခဲ့မိတယ်.. ..၊အရမ်းလည်း ရင်တွေမောခဲ့ရတယ်...နောက်ပြီးတော့ ...အရမ်းလည်းလွမ်းတတ်ခဲ့တယ် နတ်သမီးရယ်...။နတ်သမီးနဲ့ဝေးသွားတဲ့ အချိန်တွေ....၊လွမ်းခဲ့ရတဲ့နေရာတွေ..........၊တစ်ဖြေးဖြေးကုန်လွန်သွားတဲ့အချိန်လေးတွေမှာ..နတ်သမီး အကြောင်းတွေးရင်းနဲ့ ဘ၀ကို စနစ်တကျ ကုန်လွန်ဖြစ်ခဲ့တဲ့ ငါရဲ့တစ်နေ့တာအချိန်တွေကို ငါကျေနပ်ပါတယ်ကွာ...။နောက်လာမဲ့နေ့တွေ....၊ညတွေ.......၊ဘ၀တွေ..........မှာငါတို့လက်တွေ တူတူတွဲထားလိုက်ချင်တယ်ကွာ......။ငါလုပ်နေကျ ပုံစံအတိုင်းလေး..နတ်သမီးလက်ကလေးတွေကို ဖွဖွလေးနမ်းပြီးငါရဲ့နေ့သစ်တွေကို စတင်ခွင့်ပြုဖို့ပဲ ........ထပ်တောင်းဆိုပါရစေ......။ငါ.... ကျိန်ဆိုပါရစေ....နောက်ဖြစ်လေရာ ဘ၀ဆက်တိုင်းမှာနတ်သမီးနဲ့ ချစ်သူဖြစ်ခွင့်မရခဲ့ရင်တောင်နတ်သမီးနားမှာ အမြဲစောင့်ရှောက်ခွင့် ရှိနေမဲ့ ခွေးကလေး ၊ကြောင်ကလေး...နောက်ဆုံး......နတ်သမီးခြေချောင်းလေးတွေပေါ်က ခြေသည်းလေးတွေ အဖြစ်နဲ့ နတ်သမီးအနားမှာ ... ဒီကမ္ဘာကြီး မပျက်စီးသေးသရွေ့ဘ၀တွေတိုင်းမှာ... ရှိနေပါရစေ.......နတ်သမီးရယ်..။မပြောင်းလဲတတ်တဲ့ အချစ်နဲ့ ထာဝရအဆုံးထိချစ်နေမယ်....... ကိုစိုင်း
ကောင်မလေးအတွက်လွမ်းချင်းရှည် တစ်ပုဒ်
မနက်ခင်း ရောက်လို့ အလင်းပေါက်တော့ ... အရင်ဆုံးသတိရမိတာ ... ကောင်မလေး "မင်း" ကို ပါကွာ...။ဒီမှာက မနက်ဆိုတာကြီးက အရမ်းချမ်းတယ်ကွာ...။ ငါ "ကောင်မလေး" က ကော... ??? 7နာရီခွဲရင် သွားနေကျ မှတ်တိုင်လေးကို အရင်ကလို ပြေးသွားလိုက်ချင်ပေမဲ့ ငါနေတဲ့ (၄)ထပ်တိုက်ကြီးရဲ့အောက်မှာက "မင်း" လိုမျိုး..ငါကို ချိုမြိန်ခြင်းတွေ ပေးမဲ့ နှုတ်ခမ်းတစ်စုံမရှိတော့.......။ငါ.......ကောင်ကင်ကြီးကို ပဲမော့မော့ကြည့်ရင်း အချိန်တွေကုန်တတ်ခဲ့ပြီ....။နေကိုထိုင်ကြည့်ရင်း..ကို.. 9နာရီ ကျော်လာခဲ့ပြီကွာ....အရင်ကလို ...... မန်နေဂျာမသိအောင် ရုံးလစ်ပြီး မုန့်ဆိုင်လေးကို ပြေးလို့.... နတ်သမီးကြိုက်တဲ့ ../ ငါအလွတ်ရတဲ့ ချောကလတ်နဲ့..၊ Lolly-pop ၊ cake နဲ့ အစိမ်းရောင်နေကြာစေ့လေးအထုပ်လေးတွေ.. ၀ယ်ပေးတိုင်း ......မင်းရဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ မျက်နှာလေးကကော...?? အခုအချိန် .. ငါနဲ့ အဝေးမှာ ငါ့..လို သတိရနေမှာလား.......၊ ။ဝ မှာဆိုးလို့ ဆိုပြီး အစား သိပ်မစားတဲ့ "ကောင်မလေး" နေ့လည်စာကို ငါအတင်းကျွေးမှ စားတဲ့ "ကောင်မလေး" အစားအသောက် တော်တော်များများကို ဇီဇာ ကြောင်တတ်တဲ့ ငါရဲ့ ချစ်စရာ "ကောင်မလေး" ငါမရှိတဲ့ အချိန်တွေမှာ ကောနင် အစားမှန်မှန်စားရဲ့လား....ကွာ..။ ငါစိုးရိမ်လိုက်တာ....။ ငါ ၀ရံတာမှာ ထိုင်နေတာ 11နာရီတောင် ကျော်လာပြီ... သေချာပါတယ် ဒီအချိန်ဆိုရင်......။ရုံးမှာ အလုပ်တွေတော်တော်ကျနေလောက်ပြီလေ....။ အလုပ်တွေ တစ်အားပိလာတိုင်း အမြဲကူပေးနေတဲ့ " ငါ " မင်းထိုင်နေတဲ့ ခုံလေးက နေထရမဲ့ အလုပ်မျိုးကိုတောင် ပေးမလုပ်ခဲ့တဲ့ " ငါ " ဖြစ်နိုင်ရင် ...............မင်း ကို ဘာမှ ပေးမလုပ် ပဲထိုင်ကြည့်နေချင်တဲ့ " ငါ " အခုတော့ မင်းကို လှမ်းကြည့်လို့ မမြင်နိုင်တဲ့နေရာကနေ... ပျော်ခဲ့ဘူးတဲ့ ငါတို့ အတိတ်တွေကိုတွေးရင်း မျက်ရည်တွေကျနေတတ်ခဲ့ပါပြီ..ကောင်မလေးရယ်...။ ရုံးဆင်းချိန်ဆိုရင် မင်းကို မှ ကြိုချင်တဲ့ သူတွေကို ထားခဲ့ရင်း..။ ငါကိုပေးခဲ့တဲ့ " အခွင့်အရေး " တစ်ခု စီးရမဲ့မှတ်တိုင်ကို ကျော်ပြီး လျှောက်ခဲ့ရတဲ့ ဂုံးတံတားပေါ်က " အချိန်လေး "တွေ အတူတူစီးမျောခဲ့တိုင်း ငါအနားမှာ ကပ်ကျန်နေခဲ့တဲ့ မင်းရဲ့ "ရနံ့လေး"တွေ ဒါတွေအကုန်လုံး ကို ပြန်"တမ်းတ" ဖြစ်ခဲ့တဲ့ ညနေ 5နာရီကျော်တိုင်း........ ငါကတော့ ဒီမြို့လေးကနေ ရူးရူးမိုက်မိုက်ကို ထွက်ပြေးချင်လာနေမိပါပြီကွာ...။ မဖြစ်သေးလို့ပါကောင်မလေးရယ်...။ ဒီဘက်က ပြတ်လို့မရသေးတဲ့ ငါရဲ့ သံယောဇဉ်တွေကို နားလည်ပေးပါကွာ..............။ ဒါပေမဲ့ မင်းစိတ်ချပါ...........ဘာလို့လဲဆိုတော့ အရမ်းချစ်ကြတဲ့ ငါတို့အတွက် ကံကြမ္မာက ဖန်ဆင်ပေးတော့မဲ့ အချိန်တွေ မကြာခင်ရောက်လာတော့မယ်ဆိုတာကို ငါ အလိုလို ယုံကြည်မိနေလို့ပါ ပဲကွာ...။ကောင်မလေးအတွက် ရည်စူးပြီး ပြည်မြို့တွင် နှလုံးရောဂါ ရရှိခြင်းရဲ့ သတင်းတစ်ပုဒ်
တစ်ကယ်တော့ ပိုင်ဆိုင်နေရတာကိုကစွန့်လွှတ်ပြီးသားပါ......။
လိုချင်တဲ့အချိန်ပြန်ပေးဖို့ အသည်းတစ်စုံကို အလွယ်တကူမျက်ရည်ပုန်းထဲက ထည့်ထားပြီးသားပါ...။
ငါအတွက်အစစ်အမှန်မဟုတ်မှန်းသိနေကတည်းကိုကဆက်ချစ်နိုင်မဲ့ အခြေအနေတွေကို လက်ခံပြီးသားမို့လို့မင်းကြိုက်တာ လုပ်ဖို့ပဲနောက်ဆုံးတောင်းပန်ပါရစေ..........။
ချစ်နေခဲ့ရတဲ့ နေရက်တွေကို....တစ်ရက်မှ မမေ့ဘူး..။ဖြစ်နိုင်ရင် နောက်ဆုံးနေ့ဆိုတာကြီးကို ပိတ်ကားနောက်ကို ဆွဲချလိုက်ချင်တယ်...။ဒါပေမဲ့ဘ၀ဆိုတာက ပြဇတ်တစ်ပုဒ်မဖြစ်နိုင်မှန်းသိနေတော့....။ ။
ဝေးခဲ့မယ်ဆိုရင်..သေချာတယ် ငါလွမ်းနေမှာပါ...ငါသတိရနေမှာပါ....နောက်ဆုံး...ငါတမ်းတ အော်ဟစ်မိတဲ့ နံမည်လေးတစ်ခုမှာ"ဇင်မီ" ဆိုတာလေးတော့ ပါလာမိမှာ သေချာပါတယ် ကောင်မလေးရယ်....။
ကောင်မလေးက ကျွန်တော်ကို သူပုံလေးတွေပြင်ပေးဖို့ပြောခဲ့တယ်..။ကျွန်တော်ကတော့ သူပုံတွေကိုမပြင်ပဲနဲ့ သူ့အကြောင်းရေးထားတဲ့ ဒီ ဘလော့ဂ် လေးကို ပဲထပ်တစ်လဲလဲပြင်ပြင်ရေးနေခဲ့တယ်...။တစ်ကယ်တော့ ကျွန်တော် ကသူကို မချစ်လို့မဟုတ်ပါဘူးဗျာ...။ကိုယ်အရမ်းချစ်တဲ့ကောင်မလေး တစ်ယောက်ရဲ့ပုံကို ဘယ်သူက မပြင်ချင်ပဲနေပါ့မလဲဗျာ...။ကျွန်တော်လည်းပြင်ချင်တာပေါ့...။ဒါပေမဲ့ ကျွန်တော်မပြင်ခဲ့ဘူး..။ဘာလို့လဲ သိလားကောင်မလေး.............။ငါကတစ်ကယ်တော့ မင်းကို ပြင်ဆင်မှုမလုပ်ပဲနဲ့ကြည့်ချင်နေခဲ့လို့ပါ ..ကောင်မလေးရယ်...။မင်းအတွက်..ငါနောက်ထပ်ပန်းလေးတစ်ပွင့်လက်ဆောင်ပေးခဲ့မယ်နော်..။မင်းကြိုက်နိုင်ပါစေ..။
ကျွန်တော် ဘ၀ရဲ့ အမှတ်တရ အဖြစ်ဆုံးအချိန်တစ်ခုကို ကောင်မလေးနဲ့ အတူတူဖြတ်သန်းခဲ့ရလို့ အရမ်းကို ပျော်ရွှင်မိပါတယ်ဗျာ..။အဲဒီအချိန်လေးကတော့ ကောင်မလေးနဲ့ အတူ ညနေ (၆)နာရီကန်တော်ကြီးက မျှော်စင်ကျွန်းမှာ ဟန်ထူးလွင်ရဲ့ အေဒီ၃၀၀၀ကို တူတူသွားကြည့်ဖြစ်ခဲ့တဲ့အချိန်လေးတွေပါ..။အဲဒီနေ့က မျှော်စင်ကျွန်းကို အ၀င်မိုးကလည်းတော်တော်လေးကို သည်းနေခဲ့တယ်လေ..။ကောင်မလေးနဲ့ ကျွန်တော်က ထီးတစ်ချောင်းကို နှစ်ယောက်အတူတူဆောင်း ကျွန်တော်အရမ်း မြတ်နိုးတဲ့ကောင်မလေးရဲက လက်ကလေးတွေကို ဆုပ်ကိုင်ပြီး အတူတူ လမ်းလျှောက်ပြီးဝင်ခဲ့တယ်အရမ်းကို ပျော်ခဲ့ရပါတယ် ကောင်မလေးရယ်..။ရှိုးပွဲထဲကိုရောက်တော့ ကောင်မလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားမိခဲ့တယ်..။ကောင်မလေးကလည်း ဘာမှမပြောခဲ့ဘူး..။ကျွန်တော်ကို ချစ်သူတစ်ယောက်ပုံစံမျိုးနဲ့လိုက်လျောခဲ့တယ်..။ကျွန်တော်တို့ အတွဲကို ကောင်လေးတော်တော်များများ က ကြည့်နေခဲ့တယ်..(ကောင်မလေးက အရမ်းလှနေတာကိုး)..။အဲဒီအချိန်တုံးကဆိုရင် ရှက်သွေးဖြာနေတဲ့ကောင်မလေးရဲ့ မျက်နှာကို ကျွန်တော်ကြည့်မ၀အောင်ကိုဖြစ်ခဲ့ရပါတယ်ကွာ...။ည(၈)နာရီ ရှိုးပွဲပြီးတော့ ကောင်မလေးကို တက္ကစီနဲ့ အိမ်ပြန်လိုက်ပို့ဖြစ်ခဲ့တယ်..။ကောင်မလေးနဲ့ အဲဒီတုံးကအဖြစ်အပျက်တွေကို ပြန်စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ပြန်ရင်ခုန်နေမိတယ်လေ..။ဘယ်တော့မှ မမေ့နိုင်တော့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါပဲဗျာ..။ပန့်ခ် စတိုင်ကို မှ နှစ်သက်တယ်ဆိုတဲ့ ၀ါသနာတူကောင်မလေးကို ၀ယ်ပေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့တဲ့ ဖိနပ်လေးတစ်ရံကို အမှတ်တရတင်ပေးလိုက်ပါတယ်..။ကောင်မလေးနှစ်သက်နိုင်ပါစေကွာ...........။