Friday, August 22, 2008

ကျွန်တော်ချစ်တဲ့နတ်သမီးနဲ့ ရိုးမြေကျ


တစ်ကယ်တော့ ကျွန်တော်သူကိုတော်တော်ချစ်ခဲ့မိတာပါ..။
သူကို လိုက်ပို့ရတဲ့ အချိန်လေးတွေကို အမြဲချစ်နေတယ်..။
သူလက်ကလေးကိုတွဲပြီးလမ်းလျှောက်ရတဲ့ အရသာကို ကျွန်တော်ဘယ်တော့မှမမေ့ဘူးလေ..။
ကျွန်တော်ကြောင့် သူကို ဘာမှမဖြစ်စေချင်ဘူး..။
သူဘက်က ဘယ်လိုမှ သဘောမထားခဲ့ရင်လည်း ကျွန်တော်ကံပဲပေါ့ဗျာ..။
ကျွန်တော်ကတော့ ဒီလိုအခြေနေလေးကို ရောက်လာတာကို ပဲတော်တော်ကျေနပ်မိတာ တကယ်ပါ..။
ဒီပုံစံလေးနဲ့ပဲ အဆုံးသတ်သွားမယ်ဆိုတာကို သိနေရင်တောင်မှ သူနဲ့ ဒီလိုအခြေအနေမျိုးမှာပဲဆက်နေချင်မိတယ်..။


ကျွန်တော်ဘ၀ရဲ့ အပျော်ဆုံး အချိန်တွေကို သူနဲ့အတူ ဖန်ခွက်လေးတစ်လုံးထဲမှာ ဖြတ်သန်းသွားချင်ပါတယ်..။
ဆောင်းဦးလှိုင် သီချင်းထဲကလိုပဲ ကျွန်တော်က "ရိုးမြေကျပေါင်းဖို့အတွက်ရည်စူးပြီးချစ်ခဲ့တယ်ဆိုတာ.."
ကောင်မလေး တစ်နေ့မှာ သိနိုင်ရင်ကျေနပ်ပါပြီကောင်မလေးရယ်...။

ကျွန်တော်ဘ၀ကိုက တော်တော်ဆိုးပါတယ်ဗျာ..။



တစ်ကယ်တော့ ကျွန်တော်ဘ၀ကိုက တော်တော်လေးကိုဆိုးနေတာပါကောင်မလေးရယ်..။
မင်းမကြိုက်တာတွေကို ငါရှောင်ခဲ့ပြီ..။
မင်းကြောင်း ငါ့အကြိုက်ဆုံးအရသာ..၊ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း..၊ ငါ့ဘ၀ရဲ့ အရင်တုံးက ငါအနှစ်သက်ခဲ့ဆုံးပုံစံစရိုက်တွေကိုလည်း ငါပြုပြင်ခဲ့ရပြီလေ..။
ငါအကုန်လုံးကို စွန့်လွှတ်ခဲ့ပြီလေ..။
မင်းကြောင့် ငါဘ၀ရဲ့ ပထမဆုံးနေရာတော်တော်များများကိုလည်း မင်းလက်ထဲကို ထည့်ပေးခဲ့ပြီလေ..။
ငါဘာများထပ်မိုက်စရာကျန်တော့မှာတုံး ..နတ်သမီးရယ်........။

ငါကိုထပ်မလိမ်တော့ပါနဲ့နော်..။
ငါအမှန်အတိုင်းပြန်ပြန်သိရရင်ရူးသွားနိုင်လို့ပါကောင်မလေးရယ်..။

Monday, August 11, 2008

မင်းအတွက်ငါ..ပန်းလေးတစ်ပွင့်ဖြစ်ပါရစေ



ဖြူစင်လွန်းတဲ့ မင်းလေးအတွက် ကိုယ်အဖြစ်ချင်ဆုံးပန်းလေးတစ်ပွင့်ကတော့
တန်ဖိုးအရှိဆုံးစိန်တွေစီချယ်ထားတဲ့ အလှပဆုံးပင်ယံဖျားက..
နှင်းဆီလေးတစ်ပွင့်ပါ...ဒေ၀ီ...!

နင်ကြောင့်ဒုက္ခရောက်တဲ့...........ငါ....!



ညတုံးကပေါ့....
နင်အကြောင်းတွေတွေးရင်းနဲ့ ငါရွာလည်ပြီး အဲဒီလိုကြီးဖြစ်သွားသေးတယ်...။
နင်ကတော့ ဘာမှသိမှာမဟုတ်ပါဘူး....
ည 2:45 Am လောက်မှာပါ...။
အစကတော့ ငါကိုငါတောင်လန့်သွားတယ်....။
နောက်ကျတော့မှ....
ကိုယ်ပုံကိုပြန်ကြည့်ရင်း....ဟားတိုက်ရီမိတယ်....။
ငါသည် တော်တော်ရူးသည့်ကောင် ပါလားကွယ်...။

သွေးစွန်းစေမဲ့ အနမ်းများ...။




ကောင်မလေးရေ....
တစ်ကယ်တော့ အခုမှာငါစဉ်းစားမိတယ်...
တစ်ကယ်တော့ ငါချစ်တာ နင်ကိုလေ...နင်ကိုယ်ပိုင်ဆိုင်ချင်တဲ့စိတ်ကို ငါချစ်နေလို့ဘယ်ဖြစ်မလဲ...။
ငါနားလည်ပါပြီ..... နင်ကိုပိုင်ဆိုင်ခွင့်မရှိရင်လည်းဆက်ချစ်သွားပါ့မယ်...။

နင်ကိုချစ်သူအဖြစ်ပိုင်ဆိုင်ရဖို့ကိုလည်း မတောင်းဆိုတော့ပါဘူး...။
မင်းကျေနပ်ပြီ၊စိတ်ချရပြီဆိုတဲ့အချိန်လာခဲ့ပါ...
ငါနင်ကို တစ်ဘ၀လုံးနဲ့ရင်းပြီးစောင့်နေပါ့မယ်........

နင်အတွက်ငါနောက်ဆုံးကျခဲ့တဲ့ သွေးမျက်ရည်တွေနဲ့ရေးခဲ့တဲ့ဒီစာလေးကို
နင်ဖတ်ပြီး ငါကိုနားလည်နိုင်ပါစေ........
ကောင်မလေးရယ်...။

ကြင်နာလို့ချစ်ပါရစေ..ဂူးဂူးရယ်..။



"မိုးကောင်းကင်..မျက်နှာကျက်မှာ ...
ကြယ်ပွင့်လေးများနဲ့အတူ...မင်းကိုငါဖြန့်ကြဲလို့ထားလိုက်ချင်
သိမ်မွေ့နူးညံ့တဲ့....မင်းအပြုံးတွေ ကမ္ဘာ မြေအနှံမှာ...
ဖူးပွင့်နေ.....ပန်းရနံ့လို...ရင်ခွင်ထဲငြိမ်းချမ်းလို့သွား..မိန်းခလေးရေ...
မင်းအချစ်..,မင်းအမုန်း...,အားလုံး...အားလုံး...အားလုံးကို
ငါတစ်ကယ်မြတ်နိုးလို့...စွဲမြဲလို့ချစ်နေမှာ တစ်သက်လုံး...."



"အရမ်းချစ်တယ် ဂူးဂူးရယ်...

ဒီတော့ အရမ်းခံစားရတယ်......
ဘယ်တော့မှ အနိုင်မရခဲ့တဲ့ဒီအချစ်ကိုမှ..
နောက်ထပ်တမ်းတမိတော့လည်း...
ကိုယ်ဘ၀နဲ့...ကိုယ်သာရှိပါစေတော့ကွာ..."

Sunday, August 10, 2008

ကောင်မလေးရဲ့ခြေထောက်လှလှလေးတွေအတွက်




ကျွန်တော်
အမြတ်နိုးဆုံးကောင်မလေးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကတော့ ဆင်စွယ်ရောင်အဖြူဆွတ်ဆွတ်ပေါ်မှာ
ပုလဲလုံးလေးတွေ စီထားသလို ညီညာလှပနေတဲ့ ကောင်မလေးရဲ့ခြေထောက်တစ်စုံပါ..။
ကျွန်တော် သူခြေထောက်လေးတွေကို လမ်းသွားရင်ဖြစ်ဖြစ် ၊သူထိုင်နေရင်ဖြစ်ဖြစ်အမြဲ ကြည့်နေတတ်ခဲ့တယ်.။
သူရဲ့ ဖြုလျလျခြေချောင်းလေးတွေက သူနဲ့မခင်စဉ်ကတည်းကကို ကျွန်တော်နဲ့မိတ်ဆွေဖြစ်ပြီးသားပါ....။
ကျွန်တော်သူခြေထောက်လေးတွေကို လှမ်းကြည့်မိတိုင်း ...
ဖြစ်နိုင်ရင် တစ်နေ့သူခြေထောက်ကလေး ကိုင်ကြည့်ပါရစေလို့လည်းဆုတောင်းမိတယ်...။
ကျွန်တော်တို့ရုံးက ဖိနပ်ချွတ်စဉ်မရှိတော့ ဖိနပ်တွေကို အဆင်ပြေသလိုပဲ ချွတ်ကြရတယ်..။
တစ်ခါတစ်လေ .. လူကျတော့လည်း ဖိနပ်တွေကို တက်နင်းသွားတာတွေရှိတယ်..။
မိန်းမစီးဒေါက်မြင့်တွေကိုကျ တော့ တိုက်တိုက်သွားတတ်ကြတယ်...။

ကျွန်တော် သူရုံးက စဆင်းတဲ့နေ့ကတည်းက သူဖိနပ်တွေကို အမြဲ ဂရုတစိုက်နဲ့ ကြည့်ရှုနေခွင့်ရခဲ့တယ်..။
ဒီအတွက်လည်း...
ကျွန်တော် အရမ်းဝမ်းသာခဲ့ရတယ်.....။
ဒီလိုလုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူခဲ့တယ်လေ..
အခုဆို ကျွန်တော်ဘ၀မှာ တစ်ခါမှာ မလုပ်ဘူးတဲ့အလုပ်ကို ကောင်မလေးမသိအောင်ခိုးလုပ်တတ်နေခဲ့ပြီ..။
ဒါကတော့ ကောင်မလေးဖိနပ်ကို တိုက်ပေးခြင်းပါပဲ..
ဘယ်ကောင်မလေး..(ကျွန်တော်အဖေကလွဲလို့) ဘယ်သူကိုမှလုပ်မပေးခဲ့ဖူးပါဘူး..။
ကောင်မလေးမသိပေမဲ့ သိသွားတဲ့ရုံးကလူတွေက ကျွန်တော်အတွက် စိတ်မကောင်းဘူးတဲ့လေ..။

ဘယ်သူတွေဘာလာပြောပြော
ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီတာဝန်ကို တစ်သက်လုံးပင်စင်မယူပဲကို ကျွန်တော်ဘ၀ရဲ့နေ၀င်ချိန်နောက်ဆုံးနေ့အထိ ပျော်ပျော်ကြီးကို ထမ်းဆောင်သွားချင်ပါတယ်.. ကောင်မလေးရယ်....။